စစ်ကောင်စီတပ် လိုက်ရှာနေသူကိုမတွေ့သဖြင့် အမေနှင့် ဇနီးဖြစ်သူကိုဖမ်းဆီး

စစ်ကောင်စီတပ် လိုက်ရှာနေသူကိုမတွေ့သဖြင့် အမေနှင့် ဇနီးဖြစ်သူကိုဖမ်းဆီး

ဇွန် ၂

ဥသျှစ်ပင်မြို့တွင် ပေါက်ကွဲမှုဖြစ်ပြီးနောက်  စစ်ကောင်စီတပ်တွေက ကိုမင်းမင်းဦးဆိုသူကို လိုက်လံရှာဖွေရာကမတွေ့သဖြင့် အမေနှင့် ဇနီးဖြစ်သူတို့ကို ဖမ်းဆီးသွားသည်။

ပဲခူးတိုင်းဒေသကြီး ပြည်မြို့၏တစ်ဘက်ကမ်း ဥသျှစ်ပင်မြို့ရှိ ဝပ်ရှော့ဆိုင်တွင် လူအသေအပျောက်ထိခိုက်ဒဏ်ရာရမှုမရှိသော ပေါက်ကွဲတစ်ခု ဇွန်လ ၁ ရက်နေ့ ည ၁၀ နာရီဝန်းကျင်တွင်ဖြစ်ပွားခဲ့သည်။  

ကိုမင်းမင်းဦးကတော့ သူ၏ဖေ့စ်ဘွတ်လူမှုကွန်ရက်စာမျက်နှာတွင် ဗုံးပေါက်ကွဲမှု့မှာ သူနှင့်မသက်ဆိုင်ကြောင်းနှင့် ယခုလည်းကော့သောင်းမှာသာရှိနေကြောင်း ရေးသားထားသည်။ 

ထိုပေါက်ကွဲမှုဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်က လူဖမ်းပွဲလုပ်လျှက်ရှိရာ အသက် ၆၀ ကျော်အရွယ်ကိုမင်းမင်းဦး၏မိခင်နှင့် အသက် ၄၀ အရွယ် ဇနီးသည်တို့အပြင် ဗောဓိပင်လမ်းထိပ်က လူငယ်နှစ်ဦးနှင့် လမ်းမတော်ရွှေပင်ရပ်ကွက်နေ ဦးမြင့်ထွန်းဦးတို့လည်း ဖမ်းခံရသည်ဟု ကနဦး သတင်းရရှိသည်။ 

ဗုံးပေါက်ကွဲမှုဖြစ်ပွားသည့်နေရာမှာ ရပ်ရွာအတွင်း ဒလန်ဟု နာမည်ဆိုးထွက်သူတစ်ဦးပိုင် ဝပ်ရှော့ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly