မကွေးတိုင်း အလုပ်သမားနှင့်လဝက ဝန်ကြီး ဦးမြင့်အောင် ဖမ်းဆီးခံရ 

မကွေးတိုင်း အလုပ်သမားနှင့်လဝက ဝန်ကြီး ဦးမြင့်အောင် ဖမ်းဆီးခံရ 
ဓါတ်ပုံ- မကွေးတိုင်း အလုပ်သမားနှင့် လဝက ဝန်ကြီး ဦးမြင့်အောင်ကို စစ်ကောင်စီတပ်များက နေအိမ်တွင် မေ ၂၈ ရက်ညနေက လာရောက်ဖမ်းဆီးသွားပြီး ကပစ (၁၂) တပ်ထဲတွင် ထိန်းသိမ်းထားသည်။ NLD ကို ဖျက်သိမ်းရန်စဉ်းစားနေသည်ဟု အကြမ်းဖက်စစ်ကေင်စီ၏ ရွေးကော်ဥက္ကဌက ပြောဆိုခဲ့ပြီးနောက် ၎င်းတို့အာဏာလုထားသော NLD ၏ ပါတီဝင်များကို အကြောင်းမဲ့ဖမ်းဆီးမှုလည်း ခပ်စိတ်စိတ်ဖြစ်လာနေခဲ့သည်။

မေ ၂၉

အာဏာသိမ်းစစ်ကောင်စီက မကွေးတိုင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်အောင်ကို နေအိမ်တွင်  လာရောက်မ်းဆီးသွားသည်။

မကွေးတိုင်း သရက်မြို့နယ်ခြောက်ပင်အုပ်စု ဇွေးမိရွာမနေအိမ်တွင် မေလ၂၈ရက်နေ့ညနေ၆နာရီဝန်ကျင်းတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးမြင့်အောင်ကို ဖမ်းဆီးသွားခဲ့ကာ သရက်မြို့ ကပစ (၁၂) တပ်ထဲတွင် ထိန်းသိမ်းထားကြောင်း လတ်တလောရရှိထားသော သတင်းများအရ သိရသည်။

 ဦးမြင့်အောင်သည် ၂၀၁၅ နှင့် ၂၀၂၀ ရွေးကောက်ပွဲများတွင်  မဲအပြတ်အသတ်နှင့် အနိုင်ရခဲ့သူဖြစ်သည်။ 

 စစ်ကောင်စီမှ ခန့်အပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌမှ ပြီးခဲ့သည့်ရက်ပိုင်းအတွင်း နိုင်ငံရေးပါတီအချို့ကို ခေါ်ယူတွေ့ဆုံရာမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို ဖျတ်သိမ်းမည်ဆိုသော စကားဦးသန်းမှုပြောဆိုခဲ့အပြီး အကြမ်းဖက်စစ်ကောင်စီက ၎င်းတို့အာဏာလုထားသော NLD ၏ ပါတီဝင်များကို အကြောင်းမဲ့ဖမ်းဆီးမှုလည်း ခပ်စိတ်စိတ်ဖြစ်လာနေခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required