ပုသိမ်မြို့တိုင်းစစ်ဌာနချုပ်အနီးတွေ့ရတဲ့ အထုတ်မဲဟာ ခရီးသွားပြည်သူတစ်ဦးကျကျန်ခဲ့တဲ့ ပစ္စည်းထုတ်ဖြစ်နေ

ပုသိမ်မြို့တိုင်းစစ်ဌာနချုပ်အနီးတွေ့ရတဲ့ အထုတ်မဲဟာ ခရီးသွားပြည်သူတစ်ဦးကျကျန်ခဲ့တဲ့ ပစ္စည်းထုတ်ဖြစ်နေ

မေ ၂၉

ပုသိမ်မြို့ တောင်ပေါ်တန်း ဘုရင်မထမင်းဆိုင်အနီး အနောက်တောင်တိုင်းစစ်ဌာနချုပ် ဝင်ပေါက်ရှေ့ လမ်းမပေါ်မှာ မေလ ၂၉ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်မှာ တွေ့ရှိရတဲ့ အထုတ်မဲဟာ ခရီးသွားပြည်သူတစ်ဦး ကျကျန်ခဲ့တဲ့ ပစ္စည်းထုတ်ဖြစ်တယ်လို့ သိရပါတယ်။

အကြမ်းဖက် စစ်ကောင်စီရဲ့ စစ်ဌာနချုပ်အနီးမှာ အထုတ်မဲတစ်ထုတ်တွေ့ရတာကြောင့် ဗုံးလို့ယူဆခဲ့ကြပြီး စစ်ကောင်စီရဲ့ တပ်တွေက လမ်းပိတ်ဆို့ကာ ဗုံးရှာဖွေရေးအဖွဲ့တွေနဲ့ လာရောက်စစ်ဆေးစဉ်မှာ ခရီးသွားပြည်သူတစ်ဦးရဲ့ ကားပေါ်ကနေ ပြုတ်ကျကျန်ခဲ့တဲ့ ပစ္စည်းထုတ်ဖြစ်ကြောင်း သိရတာပါ။

ပစ္စည်းထုတ်အတွင်းမှာတော့ မှတ်ပုံတင်တစ်ခု၊ Laptop တစ်လုံးနဲ့ စာရွက်စာတမ်းအချို့ပါဝင်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly