အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနဲ့ ရိက္ခာများသယ်ဆောင်လာတဲ့ သင်္ဘော ဒုတိယမြစ်ကျဉ်းမှာ ထပ်မံတိုက်ခိုက်ခံရ

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနဲ့ ရိက္ခာများသယ်ဆောင်လာတဲ့ သင်္ဘော ဒုတိယမြစ်ကျဉ်းမှာ ထပ်မံတိုက်ခိုက်ခံရ
ပုံစာ - (ညောင်ဦးကနေ ဧရာဝတီမြစ်အတိုင်းဆန်တက်လာတဲ့ စစ်သင်္ဘော)

မေ ၂၈

အာဏာသိမ်းစစ်ကောင်စီရဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင်များနဲ့ ရိက္ခာများသယ်ဆောင်လာတဲ့ သင်္ဘောတစ်စီးက ယခုညနေပိုင်းအချိန်လောက်မှာ ရွှေကူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကြောင်းပေါ်က ဒုတိယမြစ်ကျဉ်း​နေရာမှာ ကေအိုင်အေတပ်ဖွဲ့ဝင်များရဲ့ ပစ်ခတ်တိုက်ခိုက်မှုကို ထပ်မံခံလိုက်ရတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ဒီလိုပစ်ခတ်တိုက်ခိုက်ခံလိုက်ရတာကြောင် ထိ ခိုက်ဒဏ်ရာရသူများကို ​ဗန်း​မော်မြို့နယ်အဝင်က စင်းခန်းကျေးရွာမှာ  လူနာချထားနေတယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။

အာဏာသိမ်းစစ်ကောင်စီကလည်း ဒီကနေ့မှာ ဗန်းမော်မြို့ကို ရေကြောင်းကနေ တပ်ဖွဲ့အင်အားများ အလုံးအရင်းနဲ့ဖြည့်တင်နေတာဘဲ ဖြစ်ပါတယ်။

ယခုမေလအတွင်းမှာတော့ အာဏာသိမ်းစစ်ကောင်စီရဲ့ တပ်အင်အားနဲ့ ရိက္ခာများသယ် ဆောင်လာတဲ့ သင်္ဘောများကို ​​ကေအိုင်​အေ တပ်ဖွဲ့ဝင်များက မကြာခဏဆိုသလို ပစ်ခတ်နေတာဘဲ ဖြစ်ပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly