ဂျပန်အသင်း ကို ၁၀ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း 

ဂျပန်အသင်း ကို ၁၀ ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း 

မေ ၂၈

၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စု (F) ရဲ့ ပွဲစဉ်ကို ဂျပန်နိုင်ငံ ချီဘမြို့မှာ ဖုကုဒါ ဒန်နီဘောလုံးကွင်း မှာ ဂျပန်အသင်းနဲ့မြန်မာ့ လက်ရွေးစင် ဘောလုံးအသင်းတို့ယှဉ့်ပြိုင်ကစား ခဲ့ရာမှာ မြန်မာ့လက်ရွေးစင်အသင်းဟာ ၁၀ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့တာပါ။

ပထမပိုင်းစတင်ထဲက မြန်မာ့လက်ရွေးစင်အသင်း ဟာ ဂျပန်အသင်းရဲ့ကစားကွက်အောက်မှာသာ ရှိနေပြီး ပွဲကစားချိန်  ၈ မိနစ် မှာ ဂျပန်အသင်းရဲ့ရှေ့တန်းတိုက်စစ် ကစားသမား မီနာမီနို ( လစ်ဗာပူးအသင်း) က စတင်သွင်းယူခဲ့ပြီး ၂၂မိနစ်တွင် အိုဆာကို(ဝါဒါဘာရီမင် အသင်း) က သုံးဂိုး သွင်းယူခဲ့ပြီး ပထမပိုင်း ပြီးဆုံးချိန်တွင် မြန်မာအသင်းဟာ ၄ ဂိုးပြတ်ဖြင့် ရှုံးနိမ်နေခဲ့သည်။

ဒုတိယပိုင်းပြန်လည် စတင်ချိန်တွင် ဂျပန်အသင်းမှာ အိုဆာကို ၄၉ မိနစ်တွင် ထပ်မံသွင်းယူနိုင်ခဲ့ပြီး ၊ ၅၆ မိနစ်တွင် မိုရိတာ  ၊ ၈၄မိနစ် တွင် ကမာဒါ  ၊ ၈၈ မိနစ်တွင် အိုဆာကို ၊ ပွဲကစားချိန် မိနစ် ၉၀ အပြည့်တွင် အိတာကုရ တို့က မြန်မာ့လက်ရွေးစင်အသင်းကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဂျပန်အသင်းရဲ့ အဓိက ကစားသမား နှစ်ဦးဖြစ်သည့် မီနာမီနို (လစ်ဗာပူးအသင်း ) ကသွင်းဂိုးနှစ်ဂိုး  နဲ့ အိုဆာကို (ဝါဒါဘာရီမင် အသင်း)  တစ်ဦးတည်းက သွင်းဂိုး ၅ ဂိုး ဖြင့်အနိုင်ရရှိခဲ့တာပါ။ 

ပွဲအစခင်မှာ မြန်မာ့လက်ရွေးစင်ဂိုးသမားတစ်ဦးဖြစ်တဲ့ ဘုန်းပြည်လျှံ (ရတနာပုံအသင်း) က စစ်အာဏာရှင်ကို ဆန့်ကျင့်သည့်အနေဖြင့် လက်သုံးချောင် ထောက်ကာ အသံတိတ် ဆန့်ကျင်ခဲ့ပါသေးတယ်။ 

ပွဲကစားချိန်တလျှောက်လုံးတွင် မြန်မာအသင်းအနေဖြင့် ခံစစ်ကစားပေးကိုသာ ဦးစားပေးကစား နိုင်ခဲ့ပြီး ဂျပန်အသင်းကို ဂိုးပေါက်ကန်သွင်းခွင့် ၂ကြိမ်သာ ရရှိခဲ့တာပါ။ 

၂၀၁၅ ခုနှစ်တုန်းကလည်း မြန်မာ့လက်ရွေးစင်အသင်း  ဟာ ကူဝိတ်အသင်း ကို ၉ ဂိုးပြတ်ဖြင့် ရှုံးနိမ့်ပြီးနောက်  မြန်မာ့လက်ရွေးအစင်အသင်း ဟာ ဂျပန်အသင်းကို ၁၀ ဂိုးပြတ် ရှုံးနိမ့်မှု ဟာနိုင်ငံတကာဘောလုံးပွဲများအနက် ပထမဆုံးအကြိမ် ၁၀ ဂိုးပြတ် ရှုံးနိမ့်မှုဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။ 

ဝေဖန်မှုတွေနဲ့ ကြုံတွေနေရတဲ့ မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း ကို ဂျပန်ရောက်မြန်မာနိုင်ငံသားတွေက မေလ ၂၈ရက်နေ့ ညနေ ၃နာရီအချိန်က ဂျပန်အသင်းနှင့်ယှဉ်ပြိုင်ကစားရမည့် ဖုကုဒါ ဒန်ရှီ ကွင်းအနီးမှာ  ဆန္ဒပြခဲ့ကြပါသေးတယ်။ 

မြန်မာလက်ရွေးစင်အသင်းဟာ ၂၀၂၂ ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စု (F) ကို လာမည့်  ဇွန် ၁၁ ရက်တွင် ကာဂျစ်စတန်၊ ဇွန် ၁၅ ရက်တွင် တာဂျစ်ကစ္စတန် စသည့် အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required