ဘီလင်းမြို့ USDP ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ပစ်သတ်ခံရလို့ သေဆုံး

ဘီလင်းမြို့ USDP ပါတီ ဥက္ကဋ္ဌ ဦးမြင့်ဆွေ သေနတ်ပစ်သတ်ခံရလို့ သေဆုံး

မေ ၂၇

မွန်ပြည်နယ် ဘီလင်းမြို့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ဥက္ကဋ္ဌ ဦးမြင့်ဆွေဟာ ဒီကနေ့ (မေလ ၂၇ ရက်) မနက်ပိုင်းမှာ သေနတ်ပစ်ခတ်ခံရလို့ အခင်းဖြစ်နေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားတယ်လို့ မွန်ပြည်နယ် ကြံ့ခိုင်ရေးရုံးက သတင်းထုတ်ပြန် ထားပါတယ်။

ဦးမြင့်ဆွေနဲ့ ဇနီးဖြစ်သူတို့နှစ်ဦးဟာ ဒီကနေ့မနက် ၈ နာရီလောက်က သူတို့ပိုင်ဆိုင်တဲ့ ကြက်မောက်ခြံသွားရာ လမ်းမှာ အမည်မသိလူနှစ်ဦးက ဆိုင်ကယ်နဲ့ရောက်လာပြီး သေနတ်နဲ့ ပစ်သတ်ခဲ့လို့ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးမြင့်ဆွေဟာ သေနတ်ဒဏ်ရာနဲ့ အဲဒီနေရာမှာပဲ သေဆုံးခဲ့တာလည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly