မေ ၂၇
ကမ္ဘာ့ဖလား ခြေစစ်ပွဲယှဉ်ပြိုင်ရန်အတွက် ဂျပန်အသင်းနှင့်ယှဉ်ပြိုင်ကစားမည့် မြန်မာ့လက်ရွေးစင်ဘောလုံးအသင်းရဲ့ ကစားသမား ၂၄ ဦးရဲ့စာရင်းကို ပြိုင်ပွဲနီးကပ်သည့်ရက် မေလ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ခဲ့တာပါ။
မြန်မာလက်ရွေးစင်ဘောလုံးအသင်းဟာ ဂျပန်နိုင်ငံကို မေလ ၂၁ရက်နေ့စတင်ထွက်ခွာခဲ့တာဖြစ်ပြီးတော့ ဂျပန်နိုင်ငံနှင့်ယှဉ်ပြိုင်ကစားမည့် မေလ ၂၈ ရက်နေ့ မတိုင်မှီ ရပ်ကပ်ပြီး ယှဉ်ပြိုင်ကြမည့်ကစားသမားတွေကို ထုတ်ပြန်ခဲ့တာပါ။
ထုတ်ပြန်ခဲ့တဲ့ကစားသမားတွေက ပြည်တွင်းနာမည်ကြီးကစားသမားအချို့ပါဝင်နေကြတယ်။
ထွက်ပေါ်လာတဲ့ကစားသမားစာရင်းမှာတော့ဂိုးသမားတွေအဖြစ် ဆန်းဆက်နိုင် (ရန်ကုန်ယူနိုက်တက်) ၊ပြည့်လွမ်းအောင်(ရတနာပုံအသင်း) ၊ကိုကိုနိုင်(ဟံသာဝတီယူနိုက်တက်)တို့ဖြစ်ပါတယ်။
နောက်တန်းအနေနဲ့ ဇော်ရဲထွန်း ၊ ရဲရင့်အောင်( ရတနာပုံအသင်း) ၊ ဒေးဗစ်ထန်း ၊ ရဲမင်းသူ (ရှမ်းယူနိုက်တက်) ၊ စိုးမိုးကျော် ၊ ဟိန်းထက်စည်သူ (ရန်ကုန်ယူနိုက်တက်) ၊ သိန်းသန်းဝင်း ၊ လာဒင်မော်ရာ ( ဟံသာဝတီယူနိုက်တက်) တို့ဖြစ်ပါတယ်။
ကွင်းလယ်လူအဖြစ် ရန်နိုင်ဦး၊ မောင်မောင်လွင် ၊ ငြိမ်းချမ်းအောင်၊ပြည့်မိုး၊လွင်မိုးအောင်၊ မောင်မောင်ဝင်း (ရန်ကုန်ယူနိုက်တက်) ၊ တင်ဝင်းအောင်၊လှိုင်းဘိုဘို (ရတနာပုံ/ဆူခိုထိုင်း ) မြတ်ကောင်းခန့် (ရတနာပုံအသင်း) ၊ထက်ဖြိုးဝေ (ရှမ်းယူနိုက်တက်) တို့ဖြစ်ပါတယ်။
ရှေ့တန်းအနေဖြင့် ပြည်မိုး၊ ဝင်းနိုင်ထွန်း (ရန်ကုန်ယူနိုက်တက်)၊ သန်းထက်အောင် (ဧရာဝတီယူနိုက်တက်)၊ ဆောင်လမန် (ရနောင်း ယူနိုက်တက်) တို့က ပါဝင်ပါတယ်။
ထုတ်ပြန်လိုက်တဲ့ ကစားသမား ၂၄ဦးဟာ ဂျပန်နိုင်ငံမှာ လေ့ကျင့်နေထိုင်ပြီး ၂၀၂၂ ကာတာကမ္ဘာ့ဖလား ခြေစစ်ပွဲနှင့် ၂၀၂၃ အာရှဖလား ဒုတိယအဆင့်ခြေစစ်ပွဲအုပ်စု (F) ကို လာမည့် မေ ၂၈ ရက်တွင် ဂျပန်၊ ဇွန် ၁၁ ရက်တွင် ကာဂျစ်စတန်၊ ဇွန် ၁၅ ရက်တွင် တာဂျစ်ကစ္စတန် စသည့် အသင်းများနှင့် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။
မြန်မာအသင်းဟာ လက်ရှိမှာ အုပ်စု အဆင့်(၄)နေရာမှာ ရောက်ရှိနေတာပါ။ဒါပေမယ့် မြန်မာ့လက်ရွေးစင် အများစုကတော့ လက်ကျန်ကစားပွဲတွေကို ယှဉ်ပြိုင်ကစားဖို့ငြင်းဆန်ထားကြပါတယ်။ ဖေဖော်ဝါရီလ အတွင်းကလည်း အကြမ်းဖက်စစ်တပ်ကို အလိုမရှိကြောင်း မြန်မာလက်ရွေးစင်ကစားသမားများက ဆန့်ကျင့် ဆန္ဒပြခဲ့ကြသေးတယ်။