နွေဦးတော်လှန်ရေး အရှိန်အဟုန်နဲ့ ပြောင်းလဲလာနေလို့ လိုအပ်တာပြင်ဆင်ထားဖို့ ဒေါက်တာဇော်ဝေစိုး အသိပေး

နွေဦးတော်လှန်ရေး အရှိန်အဟုန်နဲ့ ပြောင်းလဲလာနေလို့ လိုအပ်တာပြင်ဆင်ထားဖို့ ဒေါက်တာဇော်ဝေစိုး အသိပေး
ဓာတ်ပုံ- (ဒေါက်တာဇော်ဝေစိုး ဖေ့စ်ဘွတ်)

မေ ၂၆

မြန်မာ့နွေဦးတော်လှန်ရေးဟာ လက်ရှိမှာ အရှိန်အဟုန်နဲ့ တိုးတက်ပြောင်းလဲလာနေပြီဖြစ်လို့ ပြည်သူတွေအနေနဲ့ သတိထားနေထိုင်၊ လုပ်ကိုင်ကြဖို့နဲ့ လိုအပ်တာတွေပြင်ဆင်ထားကြဖို့ NUG အစိုးရဲ့ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုးက သူ့လူမှုကွန်ရက်မှာ ဒီနေ့ရေးသားထားတာ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ PDF တပ်ဖွဲ့ဝင်တွေနဲ့ ကိုယ့်အတွက် လိုအပ်မယ့် စားနပ်ရိက္ခာနဲ့ ဆေးဝါးတွေကို စုဆောင်း၊ ပြင်ဆင်ထားဖို့ လိုအပ်တယ်လို့လည်း ဒေါက်တာဇော်ဝေစိုးက အသိပေးရေးသားထားပါတယ်။

မြန်မာ့နွေဦးတော်လှန်ရေးကို ဦးဆောင်နေသူတွေဟာ CRPH၊ NUG၊ NUCC၊ EAO တွေမဟုတ်ဘဲ Gen- Z လူငယ်တွေနဲ့ CDM လုပ်နေတဲ့ ဝန်ထမ်းတွေကသာ ဦးဆောင်နေကြတာဖြစ်တယ်လို့လည်း သူကရေးသား ထားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required