ဒေါ်ညိမ်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဒုတိယအကြိမ်ဗုံးပေါက် 

ဒေါ်ညိမ်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဒုတိယအကြိမ်ဗုံးပေါက် 

မေ ၂၆

ဧရာ၀တီတိုင်း ဖျာပုံမြို့နယ် ဒေါ်ညိမ်း ကျေးရွာအုပ်ချုပ်ရေးမှူးရုံး အနီးမှာ မေလ ၂၆ ရက်နေ့မနက် ၁၀ နာရီ ၁၀မိနစ်အချိန်လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တယ်လို့သိရပါတယ်။ 

ဒေါ်ညိမ်းကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာ မေလ၂၀ရက်နေ့က ပထမအကြိမ် ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ ပြီး အခုပေါက်ကွဲမှုဟာ ဒုတိယအကြိမ်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့တာလည်းဖြစ်ပါတယ်။

“အုပ်ချုပ်ရေးမှူးရုံးနဲ့ လူကယ်ပြန်ကပိတ်ထားတဲ့ မူကြိုကျောင်း(ရုံး) အဲ့ကြားမှာ ပေါက်တာလို့ပြောတယ်၊ လူထိခိုက်မှုတော့ မရှိပါဘူး အသံကတော့ တော်တော်ကျယ်တယ်၊မိုးတအားရွာနေချိန်မှာတောင် အသံကတော်တော်ကျယ်ကျယ်ကြားလိုက်ရတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပထမအကြိမ်ပေါက်ကွဲမှုဖြစ်ပေါ်ခဲ့အပြီးနောက် အကြမ်းဖက်စစ်ကောင်စီက အုပ်ချုပ်ရေးမှူးရုံးမှာ အစောင့်တွေချထားခဲ့ပြီး အဲ့ဒီအစောင့်တွေ မရှိတဲ့အချိန်မှာ ပေါက်ကွဲခဲ့တာလို့သိရပါတယ်။

ဒေါ်ညိမ်းကျေးရွာ အုပ်ချုပ်ရေးမှူးဟာ အကြမ်းဖက်စစ်ကောင်စီက ခန့်အပ်ထားတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးဖြစ်ပြီး ကျေးရွာဒေသခံတွေနဲ့ စီးပွါးရေးလုပ်ငန်းရှင်အချို့အပေါ်မှာ ဖိနှိပ်မှုတွေ လုပ်ဆောင်နေတဲ့ အုပ်ချုပ်ရေးမှူးဖြစ်တယ်လို့ ဒေသခံတွေထံက သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly