မေ ၂၄
တနင်္သာရီတိုင်းဒေသကြီး ထား၀ယ်မြို့ တွင်မေလ ၂၄ ရက်နေ့ ညပိုင်းက ပေါက်ကွဲမှု သုံးကြိမ် နှင့် လောင်းလုံး မြို့ မှာပေါက်ကွဲမှု သုံးကြိမ် ထပ်မနည်းဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရှိကသိရပါတယ်။
ထား၀ယ်မြို့ ရှိ မြောင်းပုလဲရပ်ကွက် ရှိ အ.ထ.က (၆)ကျောင်း နားတွင် ည ၇နာရီ၀န်းကျင်အချိန်ခန့်က ပေါက်ကွဲမှု နှစ်ကြိမ် နှင့် ဇရစ် ရပ်ကွက်ရှိ အခြေခံပညာမူလတန်းလွန်ကျောင်း တွင် တစ်ကြိမ် ပေါက်ကွဲမှုတွေဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“ညဦးပိုင်းမှာပေါက်တာ၊ ထား၀ယ်မြို့ တမြို့လုံး ကြားရတယ် “ လို့ ဒေသခံတွေကဆိုပါတယ်။
ည ၁၀ နာရီ၀န်းကျင်အချိန်က လောင်းလုံး မြို့နယ်ပညာရေမှူးရုံး ၊ ကဘူရွာ နှင့် မင်းရပ်ရွာ တို့မှာ ပေါက်ကွဲမှု တွေ ဆက်လက်ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
“ပေါက်ကွဲမှုဖြစ်ပြီးသိပ်မကြာဘူး စစ်ကားတွေရောက်လာပြီး လမ်းမကြီးဘေးတဖက်စီရပ်ပြီး ဆိုင်ကယ်တွေ လူတွေကို စစ်ဆေးနေတာတော့ရှိတယ်။ အဖမ်းခံရတာတော့မရှိသေးပါဘူး “ ဟု ဒေသခံတွေက ဆိုပါတယ်။
ဆက်လက်ပြီး လောင်းလုံးမြို့နယ်ရှိ ကမြောကင်းကျေးရွာ အ.ထ.က (ကမြောကင်း)ကျောင်း မီးလောင်နေကြောင်း သိရပါတယ်။
ပေါက်ကွဲမှုဖြစ်စဉ်တွေကြောင့် လူထိခိုက်မှုရှိမရှိကို မသိရှိရသေးကြောင်း သိရပါတယ်။