မေ ၂၂
ပုသိမ်မြို့ စာတိုက်ကုန်းလမ်းအနီးမှာ ရှိတဲ့ ထွေအုပ်ဝန်ထမ်းအိမ်ရာဝန်းအတွင်းမှာ ဒီနေ့ နေ့လည် ၁၂နာရီ မိနစ် ၃၀ လောက်က ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲသံကြောင့် စာတိုက်ကုန်းလမ်းမှာနေထိုင်တဲ့ ပြည်သူအများအပြားက ဝိုင်းအုံကြည့်နေကြပြီးပေါက်ကွဲမှုကြောင့် မြေကြီးတွေပါတုန်တယ်လို့ ဆိုင်ကယ် TAXI မောင်းနှင်သူတွေကပြောပါတယ်။
"ပေါက်ကွဲသံ အကျယ်ကြီးကြားလိုက်ရတာ မြေကြီးတွေတောင်တုန်တယ် ထွေအုပ်အိမ်ရာဝန်း ထောင့်နားက ပေါက်တာဗျ အငွေ့တွေလဲထွက်နေတယ်"လို့ ဆိုင်ကယ် Taxi မောင်းနှင်သူက ဆက်လက်ပြောပါတယ်။
အဲ့ဒီပေါက်ကွဲမှုဟာ ပုသိမ်မြို့မှာ အကြမ်းဖက်စစ်တပ်တွေ အင်အားအများဆုံးချထားတဲ့နေရာအနီးပေါက်ကွဲခဲ့ပါ။ လက်ရှိအချိန်မှာတော့ အကြမ်းဖက် စစ်တပ်နဲ့ရဲတွေကလာရောက်စစ်ဆေးနေကြတယ်လို့သိရပြီး ဒဏ်ရာရရှိမှုနဲ့ အသေအပျောက်ရှိမရှိကိုတော့ မသိရသေးဘူးလို့ စာတိုက်ကုန်းမှာနေထိုင်သူတွေကပြောပါတယ်။