ကယားပြည်နယ် ၇ နေရာတွင် တိုက်ပွဲများဖြစ်ပွား

ကယားပြည်နယ် ၇ နေရာတွင် တိုက်ပွဲများဖြစ်ပွား

 မေ ၂၁ 

ကယားပြည်နယ်တွင် သောကြာနေ့က နေရာခုနှစ်ခု၌ ပြည်သူ့ကာကွယ်ရေးတပ်များနှင့် စစ်ကောင် စီ တပ်များ တိုက်ပွဲများဖြစ်ပွားသည်။ 

ဒီးမော့ဆိုနှင့် ဘောလခဲမြို့နယ်မြို့နယ်များတွင် နံနက် ၉ နာရီမှစတင်၍ ညနေ ၆ နာရီအထိ နှစ် ဘက် တပ်များသည် လူနေရပ်ကွက်များ၊ ရဲစခန်းနှင့် အစိုးရရုံးအဆောက်အဦများ၊ စစ်တပ် ရဲများလုံခြုံရေး ချ ထားသော စစ်ဆေးရေးဂိတ်များတွင် ပစ်ကြခတ်ကြသည်။ 

ဒေါငံခါးရပ်ကွက်၊ မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ အားကစားရုံ၊ ဒီးမော့ဆိုအထွက် ထူလွီး ဘီလာ စစ်ဆေးရေးဂိတ်၊ ဒေါကလိုက်လင်း စံပြ (၆) မိုင်နှင့် ဘောလခဲမြို့နယ်ရှိ နမ်းဖဲဂိတ်တို့တွင် တိုက် ခိုက်ကြသည်။ 

“မနက်တုန်းက ဒေါငံခါးမှာ ဖြစ်တယ်။ ဖြစ်နေတဲ့ အချိန်မှာ ထွေအုပ်ရုံး နေရာနဲ့ အားကစားရုံကို ဗုံးဝင်ခွဲ တယ်။ ပြီး တော့ သိပ့်မကြာဘူး၊ ဒေါငံခါးရွာ ညောင်ကိုင်းမှာ ထပ်ဖြစ်တယ်။ နောက် ရဲစခန်း ကိုပြည် သူ့ ကာကွယ်ရေးတပ်က ဝင်တိုက်တယ်”ဟု မကြာသေးခင်ကမှ ထူထောင်လိုက်သည့် ပြည်သူ့ကာကွယ်ရေး တပ်၏ တပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

နံနက်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်များ ဒေါငံခါး လူနေရပ်ကွက်ထဲသို့ ရောက်လာပြီး ပစ် ခတ် ရာမှ စတင်၍ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ဒေသခံလူထုဖြင့်ဖွဲ့စည်းထားသော ကာကွယ်ရေး တပ်ဖွဲ့များ၏ ပွဲဦးထွက် တိုက်ပွဲဖြစ်လာခဲ့သည်။ 

ထို့နောက် ကာကွယ်ရေးတပ်များက မြို့မရဲစခန်း၊ အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အားကစားရုံတို့ကို လက်လုပ်ဗုံးများဖြင့် တစ်ပြိုင်တည်း သွားရောက်တိုက်ကြသည်။ 

အဆိုပါနေရာများသည် နီးကပ်စွာတည်ရှိပြီး ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်လမ်းမကြီးဘေးတွင် တည် ရှိသည်။ ထို့နောက် ဒေါကလိုက်လင်း စံပြ (၆) မိုင်တွင် တိုက်ပွဲဖြစ်ပြီး ညနေပိုင်းတွင်တော့ ထူ လွီး ဘီလာ စစ်ဆေးရေးဂိတ်တွင် တိုက်ခိုက်ကြပြန်သည်။

ကာကွယ်ရေးတပ်များက စစ်ဆေးရေးဂိတ်ကို မီးတင်ရှို့ထားသော ဗီဒီယိုများ မဇ္ဈိမက လက်ခံရ ရှိခဲ့ သည်။ နမ်းဖဲဂိတ်တွင်ဖြစ်ပွားမှုကိုတော့ မဇ္ဈိမအနေဖြင့် အသေးစိတ်ရယူနိုင်ခြင်းမရှိခဲ့ပါ။ 

မျက်မြင်တွေ့ရှိသူ တစ်ဦး၏အပြောအရ ဒီးမော့ဆိုဆေးရုံဘက် စောင်ဖြင့်အုပ်၍ သယ်ဆောင်သွားသော စစ်ကောင်စီတပ် စစ်သားလေးဦးဖြစ်ဟန်တူသော အလောင်းများကို မနက်ပိုင်းတိုက်ပွဲများအပြီးတွင် တွေ့ခဲ့ရသည် ဟုဆို သည်။ 

ဒဏ်ရအနည်းငယ်ရသော ကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦး အဖမ်းခံရပြီး စစ်ဆေးရုံတွင် ကုသမှုခံယူနေရ သည်ဟုလည်း သိရသည်။ 

တကျော့ပြန်သေနတ်ပေါက်သည့် ကယားပြည်နယ်အတွင်း ယမန်နေ့က အပစ်ခတ်ရပ်စဲရေး လက်မှတ် ရေး ထိုးထား သော ကရင်နီအမျိုးသားတိုးတက်ရေးပါတီ ( KNPP) နှင့် စစ်ကောင်စီတပ်များ ဘောလခဲ နှင့် ဖားဆောင်း ကြားနယ်စပ်တွင် တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
က် အဓိဋ္ဌာန်လျက် ဂဃနဏဖတ်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly