ပြည်သူမထိုးတဲ့ထီကို အတင်းအကြပ်ရောင်းဖို့ကြိုးစားလာတဲ့ စစ်ကောင်စီ

ပြည်သူမထိုးတဲ့ထီကို အတင်းအကြပ်ရောင်းဖို့ကြိုးစားလာတဲ့ စစ်ကောင်စီ

မေ ၂၁

အကြမ်းဖက်စစ်ကောင်စီက အာဏာသိမ်းယူပြီးနောက်မှာ ပြည်သူတွေက စစ်ကောင်စီကို အယုံအကြည်မရှိတာနဲ့ စစ်ကောင်စီရဲ့ ဝင်ငွေရလမ်းတစ်ခုဖြစ်လာနိုင်တဲ့ အောင်ဘာလေထီကို ကံစမ်းဝယ်ယူခြင်းမရှိတာကြောင့် ထီဖွင့်ပွဲတွေကို နှစ်လတစ်ကြိမ်ပြုလုပ်လာရပြီး ထီဆုကြီးတွေကိုလဲ ပြည်သူရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရလက်ထက်မှာ ကျပ်သိန်းတစ်သောင်းခွဲအထိ ဖွင့်ခဲ့ရာမှာ ကျပ်သိန်း ငါးထောင်အထိကို လျှော့ချခဲ့ရပါတယ်။

ထီဖွင့်ပွဲကို နှစ်လတစ်ကြိမ်ပြုလုပ်ပေမဲ့ ထီထိုးကံစမ်းသူမရှိတာကြောင့် စစ်ကောင်စီဟာ အောင်ဘာလေထီလက်မှတ်တွေကို တက္ကသိုလ်၊ဒီဂရီ၊ကောလိပ်တွေကနေတဆင့် လစဉ် ထီရောင်းချဖို့ ပြင်ဆင်လာနေကြပါတယ်။

“အခုက ကျောင်းတွေကိုပဲ စာတွေပို့သေးတာ၊ သဘောကတော့ အရင်ကလိုပေါ့ ငါ့အတန်းကကလေးတွေ ငါ့မုန့်ဝယ်စားရမယ်ဆိုတဲ့ ပုံစံမျိုးပေါ့၊ ကျောင်းတွေကို မဖြစ်မနေခွဲတမ်းပုံစံမျိုးနဲ့ သူတို့က အတင်းချပေးမယ် ဆရာ၊ဆရာမတွေက ကျောင်းတက်နေတဲ့ ကျောင်းသားတွေကို လတိုင်း တစ်ယောက်ကို ဘယ်နှစ်စောင်ထီထိုးရမယ်ဆိုတာမျိုး ပြန်ရောင်းလာမယ်၊ အာဏာရှင်က သူ့အကျိုးအတွက်ပဲ ကြည့်မှာ ဒါ့ကြောင့် CDMလုပ်ဖို့တိုက်တွန်းရတာ”လို့ CDMပြုလုပ်မှုကြောင့် အလုပ်တာဝန်ယာယီရပ်နားခံထားရတဲ့ အဆင့်မြှင့်ပညာက သရုပ်ပြဆရာတစ်ဦးကပြောပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly