ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး စစ်တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်

ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့အနီး စစ်တပ်နဲ့ KIA တို့ တိုက်ပွဲဖြစ်

မေ ၁၈

ရှမ်းပြည်မြောက်ပိုင်း ကွက်ခိုင်မြို့နဲ့ တစ်မိုင်ကျော်အကွာမှာရှိတဲ့ နမ့်ပါချီးကျေးရွာအနီးမှာ ဒီကနေ့ (မေလ ၁၈ ရက်) မနက် ၇ နာရီခွဲဝန်းကျင်လောက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ KIA တို့အကြား နာရီဝက်ကျော်ကြာ ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က တပ်စခန်းပေါ်ကနေ လမ်းမကြီးဘက် ပစ်ခတ်ပြီး KIA တပ်ဖွဲ့က လမ်းမကြီးမှာ ဖြတ်သွားချိန် တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး စက်သုံးဆီတင်ကားတစ်စီး မီးလောင်နေတာတွေ့ရတယ်လို့ ရွှေဖီမြေသတင်းဌာနမှာ ရေးသားဖော်ပြထားပါတယ်။

ဒီကနေ့မနက် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး နှစ်ဘက်ထိခိုက်မှု အခြေအနေ အသေးစိတ်ကိုတော့ မသိရသေးပါဘူး။

လက်ရှိအချိန်ထိလည်း နမ့်ပါချီးကျေးရွာအနီးတဝိုက်မှာ အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ KIA တို့အကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာ ရှိနေတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ မေလ ၁၆ ရက်နေ့ကလည်း ရှမ်းပြည်မြောက်ပိုင်း ကွတ်ခိုင်မြို့ နမ့်ပါချီးကျေးရွာအနီးမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ KIA တို့အကြား တစ်နာရီနီးပါးကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါသေးတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required