အာဏာသိမ်းစစ်တပ်ကဖမ်းဆီးသွားတဲ့ ဘုန်းတော်ကြီး ပြန်လည်လွတ်မြောက်လာ

အာဏာသိမ်းစစ်တပ်ကဖမ်းဆီးသွားတဲ့ ဘုန်းတော်ကြီး ပြန်လည်လွတ်မြောက်လာ

မေ ၁၇

အာဏာသိမ်းစစ်ကောင်စီကဖမ်းဆီးထားတဲ့  ကချင်ပြည်နယ်ဗန်းမော်သာသနာနယ်မှ ကက်သလစ်ဘုန်းတော်ကြီး Rev. Fr. Columban La Di က ပြန်လည်လွတ်မြောက်လာပြီဖြစ်တယ်လို့ ကက်သလစ်သာသနာအသိုင်းအဝိုင်းထံကနေသိရပါတယ်။

ခရီးသွားရင်း လမ်းမှာ အာဏာသိမ်းစစ်ကောင်စီရဲ့လက်နက်ကိုင်အဖွဲ့ဝင်များက ပြီးခဲ့တဲ့တဲ့ မေလ   ၁၄ ရက်နေ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး၊  မည်သည့်အကြောင်းရင်းကြောင့် ဖမ်းဆီးသွားတာကို  မသိရသေးကြောင်း Rev. Fr. Columban La Di နှင့်နီးစပ်သူများထံမှ သိရပါတယ်။

လက်ရှိအချိန်မှာတော့ ဒီလိုအဖမ်းခံခဲ့ရတဲ့ ဘုန်းတော်ကြီးက ဖမ်းဆီခံရပြီး သုံးရက်အကြာမှာ ပြန်လည်လွတ်မြောက်လာခဲ့တာဖြစ်ပြီးတော့၊ လက်ရှိအချိန်မှာ ဗန်းမော်မြို့ရှိ ဘုန်းတော်ကြီးကျောင်ကို ပြန်လည်ရောက်ရှိနေပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဖမ်းဆီးခံလိုက်ရတဲ့အကြောင်းရင်းကို ဆက်လက်စုံစမ်းနေဆဲဖစ်ပြီးတော့၊ အာဏာသိမ်းစစ်တပ်ကနေ ဒီလို ကက်သလစ်ဘုန်းတော်ကြီးကိုဖမ်းတာက ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required