ကလေးမြို့နယ်အတွင်း မလိုအပ်ဘဲ အပြင်မသွားလာကြဖို့ ဒေသကာကွယ်ရေးအဖွဲ့ သတိပေး

ကလေးမြို့နယ်အတွင်း မလိုအပ်ဘဲ အပြင်မသွားလာကြဖို့ ဒေသကာကွယ်ရေးအဖွဲ့ သတိပေး

မေ ၁၆

ကလေးမြို့အတွင်းရှိ ပြည်သူတွေအနေနဲ့ ည ၇ နာရီနောက်ပိုင်း ကျန်းမာရေးကိစ္စကလွဲပြီး ပြင်ပသို့ သွားလာခြင်း မပြုလုပ်ဘဲ အိမ်တွင်းမှာပဲ နေထိုင်ပေးကြဖို့ ကလေးဒေသကာကွယ်ရေးအဖွဲ့က မေလ ၁၆ ရက်နေ့မှာ ထုတ်ပြန် ထားတာပါ။

ကလေးမြို့နယ်အတွင်းရှိ ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မော်တော်ယာဉ်တွေနဲ့ ကုန်ပစ္စည်းတွေ သယ်ယူပို့ဆောင်တာ၊ ခရီးသွားလာမှုကို ည ၁၀ နာရီနောက်ပိုင်း လုံးဝရပ်တန့်ထားရန်နဲ့ တစုံတရာ ဖြစ်ပွားခဲ့ရင် အကြမ်းဖက် စစ်တပ်ရဲ့ လုပ်ရာသာ ဖြစ်ကြောင်းလည်း အသိပေးထားပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ခုခံကာကွယ်ဖို့၊ ဖက်ဒရယ်ဒီမိုကရေစီစနစ် ပေါ်ပေါက်ရေးလမ်းစဉ်မှာ ပါဝင်အားဖြည့်နိုင်ဖို့ ရည်ရွယ်ပြီး ကလေးဒေသခုခံကာကွယ်ရေးအဖွဲ့ကို လူငယ်တွေ ဦးဆောင်ပြီး ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly