နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၁ မေ ၂၀၂၁)

နွေဦးတော်လှန်ရေး နေ့စဉ် မှတ်စု (၁၁ မေ ၂၀၂၁)
ပုံ - ရန်ကုန်မြို့ရှိ ပြည်သူများ၏ အကြမ်းဖက်စစ်ကောင်စီအားအလိုမရှိကြောင်း နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)အားထောက်ခံကြောင်း ဆန္ဒပြလှုပ်ရှားမှုမြင်ကွင်း(Photo - EPA)

ရန်ကုန်တိုင်းဒေသကြီး

• မြောက်ဥက္ကလာပမြို့နယ်တွင်းရှိ အချို့ရပ်ကွက်များတွင် စစ်အုပ်စုဘက်က ညပိုင်းများတွင် ဧည့်စာရင်းစစ်ဆေးမှု များ ပြုလုပ်လာပြီဖြစ်သည်။ 

• ရွှေပြည်သာတွင် ယနေ့နံနက် ၅ နာရီခွဲခန့်က ပေါက်ကွဲမှုနှစ်ရပ် ဖြစ်ပွားခဲ့သည်။ ရွှေပြည်သာမြို့နယ် (၉) ရပ်ကွက်ရှိ အမိုး ကြီးစျေးအနီးနှင့် (၈) ရပ်ကွက်ရှိ အ.ထ.က (၃) ကျောင်းတို့တွင် ပေါက်ကွဲခဲ့ခြင်းဖြစ်ကာ ထ-၃ ကျောင်းမှာ ယခင်က စစ်အုပ် စုလက်နက်ကိုင်များ တပ်စွဲထားသည့် နေရာလည်း ဖြစ်သည်။ 

• တောင်ဒဂုံမြို့နယ်နေ လူငယ်များကလည်း "တော်လှန်သွေးမကုန် တောင်ဒဂုံ" ဆိုင်းဘုတ်ကိုင်ဆောင်ကာ စစ်အာဏာရှင် စနစ်ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• လှိုင်သာယာမြို့နယ်နေ လူငယ်များကလည်း "သွေးမအေးတဲ့ လှိုင်သာယာမြေမှာ စစ်အာဏာရှင် ကျရှုံးရမည်" စာတန်းများ ကိုင်ဆောင်၍ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ကော့မှူးမြို့နယ်နေ ပညာရေးဝန်ထမ်းများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း Photo Campaign ပြုလုပ်ခဲ့ သည်။ 

• အာဏာသိမ်းခံရမှု ရက် ၁၀၀ ပြည့်သည့် ယနေ့တွင် ရန်ကုန်တိုင်း၊ မြို့နယ်စုံမှ လူငယ်များက အင်အား ရာနှင့်ချီ ပါဝင်သည့် "ရန်ကို ကုန်အောင်ရှင်းမည့် ရန်ကုန်စုပေါင်းသပိတ်စစ်ကြောင်း" ဖြင့် စစ်အာဏာရှင်စနစ်အား ဆန့်ကျင်ခဲ့သည်။ အဆိုပါ သပိတ်စစ်ကြောင်းတွင် စမ်းချောင်း၊ သာကေတ၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်၊ တောင်ဥက္ကလာပ စသည့် မြို့နယ်များမှ လူငယ်သပိတ်စစ်ကြောင်းများ ပါဝင်သည်။

• သာကေတမြို့ခံ လူငယ်များကလည်း "ညီညာဆင်နွှဲ ရန်ကုန်တိုက်ပွဲ" ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဆန္ဒပြခဲ့ကြသည်။ 

• တောင်ဥက္ကလာပလူငယ်များကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူထုသပိတ်ကို လမ်းမကြီးများပေါ်ထိ တက်၍ ဆင်နွှဲခဲ့သည်။ 

• မြောက်ဒဂုံဆန္ဒပြမှုတွင် စစ်အုပ်စုပစ်ခတ်၍ ကွယ်လွန်ခဲ့သည့် ကိုချစ်မင်းသူ ကွယ်လွန်ခြင်း ၂ လပြည့်နှင့် စစ်အာဏာသိမ်း မှု ရက် ၁၀၀ ပြည့်သည့် ယနေ့တွင် ဒဂုံမြောက်ပိုင်းနှင့် အရှေ့ပိုင်းမှ လူငယ်များက ၎င်းကျဆုံးခဲ့သည့်နေရာတွင် သတိရအောက်မေ့ဖွယ်အခမ်းအနား ပြုလုပ်ခဲ့သည်။ 

• ရန်ကုန်မြို့တွင်းပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများပေါ်တွင် ရန်ကုန်မြို့ခံလူငယ်များက စစ်အာဏာရှင်စနစ်ကို တော်လှန်သည့် သွေးသစ္စာသီချင်းများ ပြိုင်တူသီဆိုကြကာ ဆန္ဒထုတ်ဖော်ထုတ်ခဲ့ကြသည်။ 

• တာမွေ၊ ကျောက်မြောင်း၊ မလွှကုန်းလမ်းနေ လူငယ် လေးဦးနှင့် မြို့သစ်-၁ လမ်းနေ လူငယ်တစ်ဦးက လက်နက်ကိုင် စစ် အုပ်စုဘက်က ယနေ့နေ့လယ်ပိုင်းတွင် လာရောက်ဖမ်းဆီးသွားသည်။ 

• လှိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ နေ့လယ်ပိုင်းတွင် မြို့နယ်တွင်းဓာတ်တိုင်နှင့် မှတ်တိုင်များ၌ "လှိုင်မြို့နယ်အတွင်းမှာရှိကြတဲ့ ဒလန်များ ၄၈ နာရီအတွင်း မိမိ၏ အသိစတ်ဓာတ်ဖြင့် အမြန်ဆုံးထွက်ခွာသွားရန်" ဟု ရေးသား ထားသည့် သတိပေးစားများ ကပ်ထားခဲ့သည်။ 

• စမ်းချောင်းမြို့နယ်၊ မြေနီကုန်း (မြောက်) ရပ်ကွက်၊ သုခလမ်းနေ မိုးလေးဆိုသူအာ စစ်အုပ်စုလက်နက်ကိုင်များက ရဲကားတစ်စီး၊ ဆိုင်ကယ်နှစ်စီးဖြင့် ယနေ့ နေ့လယ် ၃ နာရီခွဲက လာရောက်ဖမ်းဆီးသွားသည်။ 

မန္တလေးတိုင်းဒေသကြီး

• ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်ရှိ ရာအိမ်မှူးဟောင်း ဦးထက်အောင်မျိုးကို အကြမ်းဖက်စစ်အုပ်စု လက်နက် ကိုင်များက ယနေ့ နံနက် ၂ နာရီကျော်ခန့်တွင် အရပ်ဝတ်များဖြင့် ၎င်း၏ နေအိမ်၌ လာရောက်ဖမ်းဆီးသွားသည်။ ဦးထက်အောင်မျိုးမှာ ပုဒ်မ ၅၀၅ (က) ဖြင့် ဝရမ်းထုတ်ခံထားရသူဖြစ်ကာ လာရောက်ဖမ်းဆီးစဉ် ထွက်ပြေးတိမ်းရှောင်ခဲ့သော်လည်း ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။ ယမန်နေ့ညပိုင်းကလည်း မြရည်နန္ဒာရပ်ကွက်ရုံးတွင် ညသန်းခေါင်ကျော်အချိန်က မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့သေးသည်။ 

• စစ်တပ်အာဏာသိမ်းမှု ရက် ၁၀၀ ပြည့်ဖြစ်သည့် ယနေ့နံနက်တွင် မန်း ရတနာပုံတက္ကသိုလ်ကျောင်းသား/သူများက အင်အား ၂၀၀ ခန့်ဖြင့် စစ်အာဏာရှင်စနစ် အဆုံးတိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• မန်းကျန်းမာရေးမိသားစုသပိတ်စစ်ကြောင်းကလည်း ယနေ့နံနက်ပိုင်းက သကျသီဟဘုရားကြီးအနီး၊ ၈၆ လမ်းနှင့် လမ်း ၃၀ စျေးလမ်းကြားတွင် စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ယနေ့နေ့လယ် ၁ နာရီခန့်က လမ်း ၆၀ နှင့် ၃၂ လမ်းတွင် လက်လုပ်မိုင်းပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ ယမန်နေ့ည အသွားအလာကန့်သတ်ထားသည့် ည ၉ နာရီခန့်အချိန်က ဘုရားကြီးအနောက်ဘက်မုခ်တွင် ပေါက်ကွဲမှုသုံးကြိမ်ခန့် ကြားခဲ့ရပြီး မည်သည့်နေရာတွင် ပေါက်ကွဲသည်ကိုမူ အတည်ပြု၍ မရခဲ့ကြောင်း မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ 

• မန်းအခြေစိုက် တကသ သပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းက လူအင်အား ၁၀၀ ကျော်ဖြင့် ၈၂ လမ်းမကြီးပေါ်တက်ကာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ယနေ့နေ့လယ်ပိုင်းက မန္တလေး စိန်ပန်းနှင့် မဟာအောင်မြေသပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ စစ်အာဏာရှင်စနစ် အပြီး တိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ယနေ့ နေ့လယ်ခင်းက လမ်းပေါ်ထွက်ဆန္ဒပြရန် ပြင်ဆင်နေသည့် မန်းတပ်ပေါင်းစု သပိတ်စစ်ကြောင်းနေရာအား အကြမ်း ဖက်စစ်အုပ်စုလက်နက်ကိုင်များ ရောက်ရှိလာသည့်အတွက် နေရာပြောင်း၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ရသည်။ 

• မန်းစက်မှုစုပေါင်းနှင့် အ.ထ.က (၂၇) ကျောင်းသားဟောင်းများ သပိတ်စစ်ကြောင်းတို့ကလည်း ယနေ့နေ့လယ်ပိုင်းတွင် လမ်းများပေါ်တက်ကာ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မန်း သံဃသမဂ္ဂ သပိတ်စစ်ကြောင်းကလည်း ယနေ့ နေ့လယ်ပိုင်းတွင် လမ်းမကြီးများပေါ်တက်ကာ NUG အစိုးရထောက် ခံကြောင်းနှင့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည်။ 

• မန္တလေးမြို့ပေါ်တွင် အကြမ်းဖက်စစ်အုပ်စုက အိမ်စီးကားနှင့် ဆိုင်ကယ်များတွင် အရပ်ဝတ်လက်နက်ကိုင်များ တင်ဆောင် အသုံးပြု၍ လုံခြုံရေးချထားလျက်ရှိရာ ယနေ့တွင်မူ အရပ်ဝတ်လက်နက်ကိုင် ဆိုင်ကယ်အုပ်များ ပိုများလာခဲ့ကြောင်း မန္တလေးမြို့ခံတစ်ဦးက အတည်ပြု ပြောဆိုသည်။ စစ်အာဏာရှင်ဆန့်ကျင်သည့် မြို့ခံလူထုသပိတ်စစ်ကြောင်းများမှာ လူ အသွားအလာများသည့် နေရာများထိပါ ရောက်လာခဲ့သည့်အတွက် ယခင်သုံးနေကြ Double Cab ကားများထက် ခွေးဘီးလူးကားနှင့် ဆိုင်ကယ်များကို ပိုမိုသုံးလာကြခြင်း ဖြစ်သည်။ 

• မန္တလေးမြို့အနီး နွားလပို့တောင်ပေါ်တွင် မန္တလေးမြို့ခံလူငယ်များနှင့် Ants are always Busy – AAAB တို့ ပူးပေါင်း၍ အနံ ၁၀ ပေ၊ အလျားပေ ၆၀ ရှိ ပိတ်စကြီးပေါ်တွင် SAVE MYANMAR ဟု ရေးသား၍ ချိတ်ဆွဲခဲ့ကြသည်။ 

• စဉ့်ကိုင်မြို့နယ်၊ ပုလိပ်မြို့တွင် ဒေသခံလူငယ်နှင့် ပြည်သူများက NUG အစိုးရထောက်ခံကြောင်း ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ခဲ့ကြသည်။ 

• မိတ္ထီလာစီးပွားရေးတက္ကသိုလ်မှ စစ်ကောင်စီခန့် ပါမောက္ခချုပ် ဒေါက်တာထွန်းအောင်နှင့် ဒုပါချုပ် ဒေါက်တာဖြူဖြူအိအား အမည်ပျက်စာရင်းသွင်းပေးရန် NUG အစိုးရအား အဆိုပါကျောင်းသမဂ္ဂအဖွဲ့က တောင်းဆိုထားသည်။ 

• မိုးကုတ်တွင် လူငယ်များက "လုံးဝအုပ်ချုပ်ခွင့်မရစေရ"၊ "လူသတ်သမားဖက်ဆစ်တွေ မင်းတို့တွေကို ကမ္ဘာမကြေဘူး" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ မိုးကုတ်၊ ရေပူရပ်ကွက်တွင် စစ်အုပ်စုဘက်က လက်နက်ကိုင်လုံခြုံရေးများ အစောင့်ထားကာ အုပ်ချုပ်ရေးမှူးရုံး ပြန်ဖွင့်နေပြီ ဖြစ် သည်။ 

• ရှေးဟောင်းနယ်မြေ ပုဂံတွင်လည်း ဒေသခံများက "ငါတို့အချင်းချင်း ညီညွတ်စုံ" ဆိုင်းဘုတ်လွှင့်ထူကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ရပ်ဆိုင်းရေးအတွက် ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• နွားထိုးကြီးမြို့နယ်တွင်လည်း လူငယ်များက ရောင်စုံစက္ကူများပေါ်တွင် NUG အစိုးရ ထောက်ခံကြောင်းနှင့် စစ်အာဏာရှင် စနစ် အလိုမရှိကြောင်း စာများ ရေးကာ Paper Strike ပြုလုပ်ခဲ့သည်။

• မြင်းခြံတွင်လည်း ဒေသခံများ စစ်အုပ်စုဘက်က ဖိနှိပ်မှုများ ရှိသည့်ကြားကပင် နံနက် ၇ နာရီခန့်က စစ်အာဏာရှင်စနစ် အပြီးတိုင်ပျက်သုန်းရေး ဆန္ဒထုတ်ဖော်ခဲ့သည်။ မြင်းခြံခရိုင်အတွင်းရှိ တလုပ်မြို့တွင် ယနေ့ နေ့လယ် ၃ နာရီခန့်က စစ်အုပ်စုလက်နက်ကိုင်များနှင့် မြင်းခြံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား အပြန်အလှန်ပစ်ခတ်မှုများ ရှိခဲ့ပြီး စစ်ကောင်စီဘက်က သုံးဦး ဒဏ်ရာရကာ တစ်ဦး သေဆုံးသွားသည်ဟု သိရသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ပဲခူးတိုင်းဒေသကြီး

• ဒိုက်ဦးမြို့နယ်တွင် NUG အစိုးရထောက်ခံကြောင်း၊ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှစ်စနစ် အလိုမရှိကြောင်း ဆိုင်းဘုတ်များအား လယ်ကွင်းများတွင် စိုက်ထူ၍ လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• ပဲခူးမြို့ခံများကလည်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း ရေးသားထားသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ Photo Campaign ပြုလုပ်ခဲ့ကြသည်။ 

• ပဲခူးတက္ကသိုလ် ဘုရားလမ်းရဲကင်းတွင် ယနေ့ နေ့လယ် ၁ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

• ဇီးကုန်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

စစ်ကိုင်းတိုင်းဒေသကြီး

• ဘုတလင်တွင်လည်း မြို့ခံများက စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။

• ကလေးမြို့တွင် စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် မြို့ခံလူငယ်နှင့် မိဘပြည်သူများက စစ်အာ ဏာရှင်စနစ် ဆန့်ကျင်ကြောင်း ရပ်ကွက်များတွင်း လှည့်လည်၍ ဆန္ဒထုတ်ဖော်ခဲ့သည်။ ကလေးမြို့တွင် ယနေ့နံနက် ၁ နာရီခန့်ကလည်း မြို့လယ်ရှိ မလိကုန်စုံဆိုင်အား စစ်အုပ်စုလက်နက်ကိုင်များက ဝင်ရောက်စီးနင်းခဲ့ကြောင်း ကလေးမြို့ခံ တစ်ဦးက အတည်ပြု ပြောဆိုသည်။ 

• ရေဦးမြို့နေ မိဘပြည်သူ၊ ဆရာ/ဆရာမနှင့် ကျောင်းသားများက ရွာပေါင်းစုသပိတ်စစ်ကြောင်းဖွင့်က စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• စစ်တပ်ရင်း ၃ ခု တပ်စွဲထားသည့် မော်လိုက်မြို့တွင်လည်း ဒေသခံများက မြို့ပေါ်ကျောင်းများရှေ့တွင် စစ်ကျွန်ပညာရေး အလိုမရှိကြောင်း စာများကပ်၍ Paper Strike ပြုလုပ်ခဲ့သည်။ 

• ယင်းမာပင်တွင်လည်း ကျေးရွာပေါင်းစုံ စုစည်းကာ လူအင်အား ရာနှင့်ချီသည့် ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိ ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မုံရွာတွင်လည်း ဒေသခံများက စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ယမန်နေ့ည ၁၀ နာရီခွဲခန့်က မုံရွာမြို့၊ စက်မှုဇုန်ရပ်ကွက် အုပ်ချုပ်ရေးမှူး မီးလောင်မှုဖြစ်ပွားခဲ့သေးသည်။ မုံရွာလူထု ပင်မသပိတ်စစ်ကြောင်းကလည်း မြို့တွင်း လူစည်ကားရာနေရာများသို့ လှည့်လည်၍ စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း သပိတ်ပြုလုပ် တိုက်ပွဲဝင်ခဲ့ကြသည်။ 

• တန့်ဆည်တွင် ယမန်နေ့က အကြမ်းဖက်စစ်အုပ်စု လက်နက်ကိုင်များအား ပြည်သူများဖြင့် ဖွဲ့စည်းထားသည့် တန့်ဆည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တိုက်ခိုက်ခဲ့သဖြင့် စစ်သားသုံးဦး သေဆုံးခဲ့ကြောင်း စစ်ကိုင်းတိုင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားသည်။ 

• ကန့်ဘလူခရိုင်၊ ကျွန်းလှတွင် စစ်အုပ်စုဘက်က လုံခြုံရေးတင်းကြပ်ထားသည့်ကြားကပင် စစ်အာဏာရှင်စနစ် အပြီးတိုင် ချုပ်ငြိမ်းရေးအတွက် ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• ရွှေဘိုတွင် CDM ဝန်ထမ်းများအား ကာကွယ်ရန်နှင့် စစ်အုပ်စုအား ဆန့်ကျင်ခုခံရန်အတွက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ - ရွှေဘိုကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။

• ခင်ဦးတွင်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကို ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

မကွေးတိုင်းဒေသကြီး

• ပခုက္ကူတွင် ဒေသခံလူငယ်နှင့် ပြည်သူများက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော် ခဲ့သည်။ ပခုက္ကူ၊ သံဘိုရာတွင်လည်း ဒေသခံများက စစ်အာဏာရှင်အလိုမရှိကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သေးသည်။ 

• အောင်လံတွင်လည်း ဒေသခံများက NUG အစိုးရထောက်ခံကြောင်းနှင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း လူမဲ့သပိတ် ပြုလုပ်ခဲ့သည်။ 

• မကွေးနှင့် နတ်မောက်မြို့နယ်တွင်း ကျေးရွာ ၂၃ ရွာမှ ဒေသခံပြည်သူနှင့် လူငယ်များက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အင်အား ရာနှင့်ချီ စုဝေး၍ သပိတ်ပြုလုပ်ခဲ့သည်။ 

• မြိုင်တွင်လည်း ပညာရေးမိသားစုနှင့် ဒေသခံများ ပူးပေါင်းကာ စစ်ကျွန်ပညာရေးနှင့် စစ်အာဏာရှင်စနစ် ကျဆုံးရေး ဆိုင် ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

• နတ်မောက်မြို့နယ်၊ သမှုန်းကုန်းကြီးကျေးရွာတွင်လည်း ကျောင်းသားနှင့် မိဘပြည်သူများက စစ်ကျွန်ပညာရေး အလိုမရှိ ကြောင်းဆန္ဒထုတ်ဖော်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး

• ထားဝယ်တွင် ပညာရေးမိသားစု၊ အင်ဂျင်နီယာနှင့် ထားဝယ်လူငယ်များက ယနေ့နံနက် ၅ နာရီခန့်တွင် ဖယောင်းတိုင်များ ကိုင်ဆောင်ကာ ပင်မသပိတ်စစ်ကြောင်းက စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး အာရုဏ်ဦးသပိတ် ပြုလုပ်ခဲ့သည်။ 

• ထားဝယ်တွင် ယနေ့နံနက်ပိုင်းက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်သည့် တပ်ပေါင်းစု သပိတ်စစ် ကြောင်းမှာ နံနက် ၈ နာရီခွဲခန့်က ဘုမေ္မာ်ရပ်ကွက်အရောက်တွင် အကြမ်းဖက်စစ်အုပ်စုက အင်အားအလုံးအရင်းဖြင့် မျက်ရည်ယိုဗုံးနှင့် သေနတ် များ ပစ်ခတ်၍ အကြမ်းဖက်ဖြိုခွဲခဲ့ရာ ၁၃ ဦးဖမ်းဆီး ခံထားရကာ လက်ဝဲကျွန်းခရိုင်ရဲစခန်း၌ ထိန်းသိမ်းထားသည်။ 

• ရေဖြူ၊ ကံပေါက်တွင်လည်း စစ်အာဏာသိမ်းမှု ရက် ၁၀၀ ပြည့်နေ့တွင် စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း လူထုသပိတ် ပြုလုပ်၍ ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• သရက်ချောင်းမြို့နယ်၊ တောင်ပျောက်တိုက်နယ်ဒေသခံများကလလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆိုင်ကယ် သပိတ် ပြုလုပ်ခဲ့သည်။ 

• လောင်းလုံမြို့နယ် ကဒက်ထိန်ကျေးရွာနေ ကျောင်းသားလူငယ်များကလည်း သပိတ်စစ်ကြောင်းဖွင့်ကာ စစ်ကျွန်ပညာရေး နှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် မြို့နယ်တွင်းရှိ မောင်းမကန်၊ ကထောင်းနီ၊ ညင်းမော်စသည့် ကျေးရွာများတွင်လည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒပြ တော်လှန်ခဲ့ကြသည်။ 

ဧရာဝတီတိုင်းဒေသကြီး

• ဖျာပုံတွင် လူငယ်များက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြောင်း စာများရေးကာ Paper Strike ပြုလုပ်ခဲ့သည်။ 

• ပုသိမ်တက္ကသိုလ်အနီး တက္ကသိုလ်ကန်ပတ်လမ်းနှင့် ဘတ်စ်ကားမှတ်တိုင်များတွင် ဒေသခံများက စစ်ကျွန်ပညာရေး အလို မရှိကြောင်း Paper Strike ပြုလုပ်ခဲ့သည်။ 

• ဖျာပုံခရိုင်၊ ဘိုကလေးတွင် စစ်အုပ်စုဘက်က ဆေးရုံပြန်ဖွင့်ရန် ကြိုးပမ်းလျက်ရှိရာ စစ်ကောင်စီနှင့် ပူးပေါင်းသည့် ကျန်းမာရေးဝန်ထမ်းနှင့် CDM ဝင်ထားသူများအား ဖိအားပေးနေသူများအား ၎င်းတို့၏ အသက်အိုးအိမ်စည်းစိမ်ကို အာမ နမခံနိုင်ကြောင်း ဘိုကလေးလူငယ်ပျောက်ကြားတပ်ဖွဲ့က သတိပေးထားသည်။ ထို့ပြင် ယနေ့နံနက်ပိုင်း ကလည်း ဆေးရုံ အဝင်ဆိုင်းဘုတ်များတွင် ဆေးနီများ ပတ်ဖြန်းခြင်း၊ သတိပေးစာများ ဖြန့်ကြဲခြင်းတို့လည်း ပြုလုပ်ခဲ့သည်။ 

မွန်ပြည်နယ်

• မော်လမြိုင်မြို့ခံများက "စစ်ကျွန်ပညာရေး အလိုမရှိ"၊ "ရက် ၁၀၀ ပြည့်ပေမယ့် သွေးအေးမသွားဘူး" စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ အိမ်တွင်းသပိတ် ပြုလုပ်ခဲ့သည်။ မော်လမြိုင်မြို့ခံအချို့ကလည်း မြို့တွင်းစျေးများ တွင်း လှည့်လည်ကာ စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေး ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။ 

ချင်းပြည်နယ်

• ဟားခါး အစိုးရစက်မှုလက်မှုသိပ္ပံတွင် ကျောင်းသားသမဂ္ဂ၊ ဆရာ/ဆရာမ၊ ဝန်ထမ်းနှင့် ကျောင်းသားဟောင်း ကိုယ်စားလှယ် များပူးပေါင်း၍ ယာယီကျောင်းအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းလိုက်ပြီ ဖြစ်သည်။ 

• ဟားခါးမြို့ပေါ် လူငယ်များကလည်း "ရက် ၁၀၀ ပြည့် သွေးမအေး ဟားခါးသပိတ်စစ်ကြောင်း" ဖွင့်ကာ စစ်အာဏာရှင်စနစ် အား ဆက်လက်ဆန့်ကျင် တော်လှန်ခဲ့သည်။ 

• ဟားခါးတွင် စစ်အုပ်စုက မေ ၉ ရက်က ဖမ်းဆီးခံထားရသည့် အသက် ၅၆ အရွယ် Pu Tler Ling မှာ နှိပ်စက်ခံရမှုများကြောင့် ကလေးမြို့သို့ ပို့ဆောင်ကုသရန် ခေါ်ဆောင်သွားစဉ် လမ်းတွင်ပင် သေဆုံးသွားပြီ ဖြစ်သည်။ ၎င်းအား ဟားခါးမြို့ နွယ်ချောင်းဘက်ရှိ လယ်တောအိမ်တွင် စစ်အုပ်စုက ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မည်သည့်အကြောင်းပြချက်ဖြင့် ဖမ်းဆီးသည်ကိုမူ စစ်အုပ်စုဘက်က ပြောကြားခဲ့ခြင်း မရှိပေ။ 

ကချင်ပြည်နယ်

• ဝိုင်းမော်မြို့ ပညာရေးမှူးရုံးအနီးတွင် ယမန်နေ့ည ၈ နာရီခန့်က ပေါက်ကွဲမှုတစ်ရပ် ဖြစ်ပွားခဲ့သည်။ 

• ရွှေကူတွင် ယနေ့နံနက် ၄ နာရီခန့်က စစ်အုပ်စုဘက်မှ လက်နက်နှင့် ရိက္ခာသယ်ဆောင်လာသည့် သင်္ဘောအား KIA ဘက်က ဧရာဝတီ ဒုတိယမြစ်ကျဉ်းနှင့် ဇင်းဘုံကျေးရွာအနီးတွင် နှစ်ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ အဆိုပါ သင်္ဘောမှာ မေလ ၆ ရက်က KIA ဘက် ပစ်ခတ်တိုက်ခိုက်ထားသည့် သင်္ဘောဖြစ်ပြီး ယနေနံနက်ပိုင်းတွင် ပြန်ထွက်လာခြင်းဖြစ်သည်။ ရွှေကူမြို့နေ ကျောင်းသားပြည်သူများကလည်း စစ်ကျွန်ပညာရေးအလိုမရှိကြောင်း အိမ်တွင်းသပိတ်ကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့ ကြသည်။ 

• နမ္မတီးတွင် အကြမ်းဖက်စစ်အုပ်စုက မေလ ၁၀ ရက် ည ၉ နာရီခွဲခန့်တွင် ပစ်ခတ်မှုများပြုလုပ်ခဲ့၍ ဒေသခံတစ်ဦး သေဆုံးကာ သုံးဦး ဒဏ်ရာရရှိခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ယနေ့နံနက် ၇ နာရီကျော်က မံစီမြို့အနီး ငါးမိုင်ခန့်အကွာ မဒန်ယန်ကျေးရွာအနီးတွင် KIA နှင့် စစ်အုပ်စု လက်နက်ကိုင် တပ်များအကြား တိုက်ပွဲများဖြစ်ပွားကာ နှစ်ဘက်စလုံးက လက်နက်ကြီးသုံး တိုက်ခိုက်မှုများ ပြုလုပ်လျက်ရှိသည်ဟု သိရသည်။ ထို့ပြင် မိုးမောက်မြို့နှင့် သုံးမိုင်ခန့်အကွာ ဒဂေါကျေးရွာတွင်လည်း နံနက် ၈ နာရီခန့်က စ၍ တိုက်ပွဲများ ဖြစ်ပွား လျက်ရှိသည်။ 

• မိုးကောင်းမြို့ခံများကလည်း နံနက် ၅ ခွဲမှစ၍ တစ်နာရီခန့်ကြာ မြို့တစ်ပတ်လှည့်လည်၍ စစ်အာဏာရှင်စနစ် အပြီးတိုင် ပျက်သုန်းရေး အာရုဏ်ဦးသပိတ် ပြုလုပ်၍ ဆန့်ကျင်တော်လှန်ခဲ့သည်။ 

• မြစ်ကြီးနား အထွေထွေသပိတ်စစ်ကြောင်းကလည်း စစ်အာဏာသိမ်းခြင်း ရက် ၁၀၀ ပြည့်နေ့တွင် လမ်းမများပေါ်တက်ကာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ကြသည်။ 

• ဖားကန့်၊ ဆိုင်းတောင် (ဆိပ်မူ) တွင် ဒေသခံအင်အား ရာနှင့်ချီ ပါဝင်သည့် ပင်မသပိတ်စစ်ကြောင်းဖြင့် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ တာမခန်မြို့သစ်နေ ပြည်သူများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ရပ်ဆိုင်းရေး အတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ ထို့ပြင် ဖားကန့် မှော်ပေါင်းစုံပင်မသပိတ်စစ်ကြောင်းကလည်း NUG အစိုးရ ထောက်ခံ ကြောင်းနှင့် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• မြစ်ကြီးနားရှိ စစ်တပ်ပိုင် မြဝတီဘဏ်ရှေ့တွင် နေ့လယ် ၃ နာရီခန့်က တိတ်ပတ်ထားသည့် အိတ်အမဲတစ်ခုအား လာရောက်ပစ်ထားသည့်အတွက် စစ်အုပ်စုလက်နက်ကိုင်များဘက်က လမ်းပိတ်ကာ စစ်ဆေးမှုများ ပြုလုပ်လျက် ရှိသည်။ 

ကရင်ပြည်နယ်

• ကရင်ပြည်နယ်တွင် အကြမ်းဖက်စစ်အုပ်စုနှင့် ၎င်းတို့လက်အောက်ခံ နယ်ခြားစောင့်တပ်များ လှုပ်ရှားမှု ပိုမိုများပြားလားနေ သည်။ ယမန်နေ့ မနက်ပိုင်းက ဘုရားသုံးဆူမြို့သို့ ကြာအင်းဆိပ်ကြီးအခြေစိုက် ခလရ ၂၈၃ မှ အင်အား ၈၇ ဦးပါ စစ်ကား ကြီးငါးစီး ရောက်ရှိနေပြီး KNU တပ်မဟာ-၅ အခြေစိုက်ရာ ဖာပွန်မြို့ထဲတွင်လည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၀၀ ကျော် လောက် ထပ်မံရောက်ရှိနေသည်ဟု သိရသည်။ 

ကယားပြည်နယ်

• ဖရူဆိုမြို့အဝင်ဂိတ်တွင် ဖမ်းဆီးခံရသည့် အသက်မပြည့်သူ ငါးဦးအပါအဝင် လူငယ် ၇၄ ဦးကို ပြန်လွှတ်ပေးရန်အတွက် ကရင်နီအမျိုးသားတိုးတက်ရေးပါတီ - KNPP က ညှိနှိုင်းမှုများ လုပ်ဆောင်လျက် ရှိသည်။ အသက်မပြည့်သူ ငါးဦးကို သီးခြားထားထားကာ ကျန်လူငယ်များအား လွိုင်ကော်အကျဉ်းထောင်၌ ထိန်းသိမ်းထားသည်။ 

ရှမ်းပြည်နယ်

• နောင်ချိုတွင် ယမန်နေ့ညပိုင်းက စစ်အုပ်စုဘက်က ပစ်ခတ်မှုများရှိခဲ့သော်လည်း ယနေ့နံနက်ပိုင်းတွင် မြို့ခံများက စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း အာရုဏ်ဦးသပိတ် ပြုလုပ်ခဲသည်။ 

• ကျောက်မဲမြို့ခံများကလည်း စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း မြို့တွင်းလှည့်လည်၍ ဆိုင်ကယ်သပိတ် ပြုလုပ်ခဲ့သည်။

• မူဆယ်မြို့ခံလူငယ်များကလည်း မိုးရွာသွန်းသည့်ကြားကပင် စစ်အာဏာရှင်စနစ် ဆန့်ကျင်ကြောင်း ဆန္ဒပြခဲ့ကြသည်။ 

• ဟိုပုံးမြို့ခံများကလည်း စစ်အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းရေးအတွက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။ 

• ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နမ့်ဆန်မြို့တွင်လည်း ဒေသခံများ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်ခဲ့ ကြသည်။ 

• စစ်တပ်များ ဝန်းရံထားသည့် မိုးမိတ်တွင် ယနေ့ နေ့လယ်ပိုင်းက ဝမ်းဟွေ့ရပ်ကွက်တွင် နေထိုင်သူ ရွှေနှင်းဆီမိုဘိုင်းဖုန်း ဆိုင်မှာ ဦးဂီဒိုကို စစ်အုပ်စုအကြမ်းဖက်လက်နက်ကိုင်များက ဖမ်းဆီးသွားခဲ့သည်။ ထို့ပြင် ယမန်နေ့ညပိုင်း အသွားအလာ ကန့်သတ်ထားသည့် ည ၁၁ နာရီခန့်ကလည်း အသက် ၁၇ နှစ်အရွယ် အောင်ကိုကိုဆိုသူအား စစ်ကျွန်ပညာရေးအလိုမရှိ ကြောင်း စာများ ရေးသားသည့်အတွက်ဟုဆိုကာ ဖမ်းဆီးထားကာ မိုင်းဖြတ်ရဲစခန်း၌ ထိန်းသိမ်းထားသည်။ 

• တောင်ကြီးမြို့တွင် ဒေသခံများက စက္ကူများဖြင့် ကြိုးကြာအရုပ်များ ခေါက်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ကြောင်း စာ များရေးကာ မြို့တွင်းလမ်းမများနှင့် လမ်းလယ်ကျွန်းများတွင် ထားရှိခဲ့သည်။ 

ရခိုင်ပြည်နယ်

• ရခိုင်အခြေစိုက် Development Media Group – DMG မှ တာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံနှင့် သတင်းထောက် မနှင်းနွယ်တို့အား နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) ဖြင့် တရားစွဲဆိုထားသည်။ ဇန်နဝါရီလ ၁၀ ရက်က "ကျောက်တော်မြို့နယ်၊ မာလာကျေးရွာမှ စပါးတောင်း (၇၀၀) ကို တပ်မတော်က သိမ်းယူ" ဟူသည့် သတင်းရေးသားမှုဖြင့် တရားစွဲ ဆိုထားခြင်း ဖြစ်သည်။ 

နေပြည်တော်

• နေပြည်တော်၊ ပျဉ်းမနားကျောင်းသားသမဂ္ဂနှင့် ပြည်သူများက ယနေ့ နံနက် ၆ နာရီတွင် စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ပျောက်ကြားသပိတ် ပြုလုပ်ခဲ့သည်။ 

• နေပြည်တော်တွင် လူငယ်များက စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်သည့်စာများအား ရောင်စုံစက္ကူများပေါ် ရေး၍ Paper Strike ပြုလုပ်ကာ ဆန့်ကျင်တော်လှန်ခဲ့သည်။ 

မေ ၁၁ သုံးသပ်ချက်

• ရန်ကုန်တွင် မြို့နယ်ပေါင်းစုံနှင့် မြို့နယ်အခြေခံ သပိတ်စစ်ကြောင်းများ ပြန်ထွက်လာကာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖွဲ့စည်းမှုများလည်း ပိုမိုများပြားလာခဲ့သည်။ စစ်အုပ်စုဒေါက်တိုင် အဆောက်အဦနှင့် လူပုဂ္ဂိုလ်များအား ပြန်လည်ခုခံတော် လှန်ခြင်းများ ပိုမိုများပြားလာနေကာ စစ်အုပ်စုဘက်ကလည်း သတင်းပေးဒလန်များ သုံး၍ နေ့လယ်ပိုင်းများတွင်ပါ ဖမ်းဆီး မှုများ လုပ်လာလျက် ရှိသည်။ 

• မန္တလေးတွင် သပိတ်ကြီးများ အားကောင်းကောင်းဖြင့် ရှိနေကာ မြို့တွင်းအဓိကလမ်းမကြီးများပေါ်အထိ တက်လာနိုင်နေ ပြီ ဖြစ်သည်။ ရပ်ကွက်အချို့တွင် အုပ်ချုပ်ရေးရုံးများ ပြန်လည်ဖွင့်လှစ်ခြင်းကို စစ်အုပ်စုဘက်က လုပ်ဆောင်နေပြီး သပိတ် များဖြိုခွဲရန်အတွက် အရပ်ဝတ်ဆိုင်ကယ်စီး လက်နက်ကိုင်များကို ပိုသုံးလာလျက် ရှိသည်။ 

• ရန်ကုန်နှင့် မန္တလေးအပ ကျန် နယ်မြို့ကြီးများတွင် သပိတ်များအားကောင်းလာသည့်နည်းတူ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ များ ဖွဲ့စည်းမှု ပိုမိုများပြားလာလျက် ရှိသည်။ သပိတ်များတွင် အခြေခံပညာအဆင့် ကျောင်းသားများ ပါဝင်လာလျက်ရှိရာ အင်အားကောင်းသည့် နယ်မြေများတွင် စစ်အုပ်စုဘက်က လက်နက်သုံးဖြိုခွင်းမှုများ ပိုမိုလုပ်ဆောင်လာနိုင်သည်။ တိုင်း ရင်းသားနယ်မြေများတွင်လည်း သပိတ်များအားကောင်းဆဲဖြစ်ကာ ဒလန်များသုံး၍ သတင်းအချက်အလက် ရယူမှုကို စစ် အုပ်စုက ပိုမိုလုပ်ဆောင်လာလျက် ရှိသည်။ 

• စစ်အုပ်စုဘက်တွင် နိုင်ငံတကာနှင့် အာဆီယံဖိအား လုံးဝမရှိသလောက် ဖြစ်နေပြီး စီးပွားရေး ပြန်လည်လည်ပတ်နိုင်ရန်နှင့် အုပ်ချုပ်ရေးယန္တရား တည်ဆောက်နိုင်ရေးကို အဓိကထားလျက် ရှိသည်။ စီးပွားရေးလုပ်ငန်း လည်ပတ်ရန်အတွက် ပုဂ္ဂလိ ကဘဏ်များက ဘဏ်ကျင့်ဝတ်နှင့်မညီ လုပ်ဆောင်နေမှုများကိုလည်း စစ်အုပ်စုက မသိဟန်ဆောင် လွှတ်ထားလျက်ရှိကာ အခွန်ပြန်ကောက်နိုင်ရေးကို တစ်ဆင့်ချင်း လုပ်ဆောင်လာနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required