ဖျာပုံက CDM ဆရာ၊ဆရာမတွေကို အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်မှုတွေပြုလုပ်လာ

ဖျာပုံက CDM ဆရာ၊ဆရာမတွေကို အကြမ်းဖက်စစ်ကောင်စီက ခြိမ်းခြောက်မှုတွေပြုလုပ်လာ

မေ ၂

ဖျာပုံမြို့က ကျောင်းအုပ်တွေနဲ့ပညာရေးမှူးတွေကို မေလ (၄)ရက်နေ့က အကြမ်းဖက်စစ်ကောင်စီဘက်ကခေါ်ယူတွေ့ဆုံပြီး စစ်ကောင်စီနဲ့တွေ့ဆုံခဲ့တဲ့ ကျောင်းအုပ်တွေ၊ပညာရေးမှူးတွေကတဆင့် CDM ဝင်ထားတဲ့ဆရာ၊ဆရာမတွေကို ဖိအားပေး ခြိမ်း
ခြောက်မှုတွေပြုလုပ်လာတယ်လို့ ဆရာမတစ်ဦးကပြောပါတယ်။

CDM ဝင်ထားတဲ့ ဆရာ၊ဆရာမတွေကို ကျောင်းပြန်ဖွင့်တဲ့အချိန်မှာ ကျောင်းပြန်တက်ဖို့နဲ့ ပြန်မတက်ဘူးဆိုရင်ဖမ်းဆီးမှုတွေပြုလုပ်မယ်လို့ပြောဆိုခဲ့ပြီး ဆရာ၊ဆရာမတွေနဲ့ တခြားဌာနက CDM ဝင်ထားတဲ့ ဝန်ထမ်းတွေရဲ့လိပ်စာတွေကို ထွေအုပ်ကစာ
ရင်းပြုစုနေတယ်လို့ အဲ့ဒီ CDM ဆရာမကပြောပါတယ်။

"အလုပ်ထွက်ဖို့ ထွက်စာတင်တယ် လက်မခံဘူး အဲဒီတော့ဆက်ပြီး CDM လုပ်မယ်၊လုပ်လို့ဖမ်းမယ်ဆိုလည်း ဖမ်းပါစေတော့ မတတ်နိုင်တော့ဘူးလို့ CDM ဝင်ထားတဲ့နောက်ထပ် ဆရာမတစ်ဦးကပြောပါတယ်။

လက်ရှိအချိန် ဖျာပုံမြို့မှာ ပညာရေးဝန်ထမ်း ၂၅၀၀ ကျော်ရှိတဲ့အထဲက အာဏာသိမ်းအကြမ်းဖက်စစ်တပ် လက်အောက်မှာ တာဝန်ထမ်းဆောင်လိုစိတ်မရှိလို့ CDM ဝင်ထားသူစုစုပေါင်း ၁၁၀၀ကျော်ရှိပြီး လစာလာမထုတ်တဲ့ ဝန်ထမ်းပေါင်း ၁၅၀ ကျော်ရှိတယ်လို့လည်းသိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly