လှိုင်သာယာ အ.ထ.က(၃) ကျောင်းဘေးပတ်ဝန်းကျင်တွင်  ပေါက်ကွဲမှု ဖြစ်ပွား 

လှိုင်သာယာ အ.ထ.က(၃) ကျောင်းဘေးပတ်ဝန်းကျင်တွင်  ပေါက်ကွဲမှု ဖြစ်ပွား 

မေ ၄

အကြမ်းဖက်စစ်တပ်လက်အောက်ခံ ဝန်ထမ်းများက မေလ ၄ ရက်နေ့မွန်းလွဲပိုင်းအချိန်က  လှိုင်သာယာမြို့နယ် အမှတ် (၁၇) ရပ်ကွက်ရှိ အ.ထ.က(၃)ကျောင်းတွင်း အစည်းအဝေး ပြုလုပ်နေစဉ်  ကျောင်းဘေးပတ်ဝန်းကျင် တွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေရှိကသိရသည်။ 

“ပညာရေးဝန်ထမ်းတွေက ကျောင်းထဲမှာ ကျောင်းပြန်ဖွင့်ဖို့အတွက် အစည်းဝေးလုပ်နေတာ ၊ လှိုင်သာယာမှာအစည်းအဝေးအကြီးတွေဆို အဲဒီကျောင်းမှာလုပ်တာ ပထမ တစ်ခါတုန်းက စစ်ကောင်စီတပ်ကလူတွေပါတယ်။ အခုက ဒုတိယတစ်ခေါက်လုပ်တာ “ ဟု ဒေသခံတွေကဆိုသည်။ 

ကနေဦးသတင်းတွေအရ ပေါက်ကွဲမှု ဖြစ်စဉ်ကြောင့် လူထိခိုက်မှုတစ်စုံတစ်ရာမရှိကြောင်း သိရှိသည်။ ပေါက်ကွဲပြီးခဏအကြာတွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ရောက်ရှိလာပြီး ကင်းစောင့်နေကြောင်းသိရသည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required