အာဏာသိမ်း စစ်​ကောင်စီ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ခင်ဦးမြို့နယ် ပင်တင်းရွာကို ဝင်စီး နေအိမ်အချို့ ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

အာဏာသိမ်း စစ်​ကောင်စီ အကြမ်းဖက် လက်နက်ကိုင်အဖွဲ့က ခင်ဦးမြို့နယ် ပင်တင်းရွာကို ဝင်စီး နေအိမ်အချို့ ဖျက်ဆီးခဲ့ပြီး ရွာသားတစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွား

မေ-၄

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၊ပင်တင်းကျေးရွာကို မေလ၃ ရက်၊မွန်းလွဲပိုင်းမှာ အာဏာသိမ်း စစ်ကောင်စီအကြမ်းဖက်လက်နက်ကိုင်အဖွဲ့ကကျေးရွာ လုံခြုံရေး တံခါး မီးရှို့တာ၊နေအိမ်အချို့ကို ဖျက်ဆီးခဲ့တာတွေအပြင် ရွာသားတစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့သိရပါတယ်။

အာဏာသိမ်း စစ်ကောင်စီအလိုကျ ကျောင်းဖွင့်ရန်လာတဲ့ ဆရာ၊ဆရာမတွေကို ဒေသခံ ရွာသူ၊ရွာသားတွေက  မေလ၃ရက်နေ့မှာ ကန့်ကွက်ဆန္ဒပြတာတွေလုပ်ခဲ့ပါတယ်။အဲဒီဆရာမတွေဟာ ကန့်ကွက် ဆန္ဒပြခံရတဲ့အတွက် စစ်ကောင်စီထံ တိုင်ကြားခဲ့တယ်လို့သိရပါတယ်။

တိုင်ကြားတဲ့အတွက် အာဏာသိမ်း စစ်ကောင်စီ အကြမ်းဖက် လက်နက်ကိုင် အဖွဲ့က အခုလို မီးရှို့ ဖျက်ဆီး ဖမ်းဆီးတာတွေ လုပ်ခဲ့တာလို့ သိရပါတယ်။

"သေနတ်ပစ်ပြီး ရွာထဲဝင်လာတယ်။အိမ်တွေဖျက် ပစ္စည်းတွေလည်း ခိုးသွားတယ်။"လို့ ဒေသခံတစ်ဦးကပြောပါတယ်။

အခုလို ရွာအတွင်း အကြမ်းဖက် ပစ်ခတ်တာတွေ လုပ်နေတဲ့အတွက် ဒေသခံတွေအနေနဲ့ စိုးရိမ်နေကြတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly