ထီးလင်းမြို့အနီး ကိုးဘက်ကွေ့တောင်ကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်နေ

ထီးလင်းမြို့အနီး ကိုးဘက်ကွေ့တောင်ကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်နေ

မေ ၄

မကွေးတိုင်းဒေသကြီး ထီးလင်းမြို့အနီး ငါးမိုင် အကွာ ကိုးဘက်ကွေ့တောင်ကြားမှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ ပစ်ခတ်မှုဖြစ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

“ကျွန်တော့ဆီဖုန်းဆက်တာ တောင်ကြားမှာ ခြုံခိုတိုက်တာ စစ်ကားတစ်စီး မီးလောင်သွားတယ် ၊ သူတိူ့ဘက်က ထွက်ပြေးတာတွေလဲရှိတယ်၊ သူတို့ကို ဖမ်းမိတာတွေလဲ ရှိတယ်လို့ ပြောတယ်”လို့ ထီးလင်းမြို့ခံ တစ်ဦးကပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီက လက်လက်နက်တွေ အပ်ဖို့ပြောတာကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်မခံတဲ့အတွက် အခုလို ပစ်ခတ်တာတွေ ဖြစ်တာလို့ သိရပါတယ်။

လက်ရှိအချိန်ထိ ပစ်ခတ်မှုတွေ ရှိနေပြီး မနေ့ကလည်း ထီးလင်းမြို့မှာ လက်လုပ်မိုင်းတစ်လုံးပေါက်ကွဲခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly