မော်လမြိုင်မြို့ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ 

မော်လမြိုင်မြို့ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး အမျိုးသားတစ်ဦး ဒဏ်ရာရ 

မေ ၄

မော်လမြိုင်မြို့ ဆရာအတတ်သင်ကျောင်းရှေ့တွင် မေလ ၄ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က ပေါက်ကွဲမှု နှစ်ကြိမ် ဖြစ်ပေါ်ခဲ့ပြီး ညကင်းစောင့်အမျိုးသားတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဒေသခံတွေက အတည်ပြုပြောဆိုသည်။ 

“ ဆရာ၊ဆရာမ တွေကိုသင်ပေးတဲ့ ကျောင်းရှေ့ မှာ မနက် လေးနာရီခွဲမှာ ပေါက်တာ ၊ ပေါက်ကွဲမှုကြောင့် ကျောင်းကင်းစောင့်တဲ့ အမျိုးသားတစ်ဦး တော့ ပေါင်နဲ့လက်မှာ တော့ နည်းနည်းထိသွားတယ်။ နောက်ပေါက်ကွဲမှုက ရွှေမြိုင်သီရိယာယီအုပ်ချုပ်ရေးမှူးရုံး အနောက်ဘက်မှာ ပေါက်ကွဲမှု နှစ်နေရာ ဖြစ်ခဲ့တာ ” ဟု ဒေသခံတွေက ပြောသည်။ 

ဖက်တန်းနယ်မြေ ၊ ကြက်တန်းမန္တလေးရပ်ကွက် ရှိ ဆရာအတတ်သင်ကျောင်း အဝင်၀ ဆိုင်းပုဒ်နားတွင် မနက် လေးနာရီခွဲခန့် က ပေါက်ကွဲမှု တစ်ကြိမ် ၊ ရွှေမြိုင်သီရိနယ်မြေ ရေကန်ချောင် ရပ်ကွက် တွင် မနက် ၅နာရီ ခန့် က တစ်ကြိမ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။ 

ဆက်လက်ပြီး နံနက် ၆နာရီဝန်းကျင်အချိန်က ဒိုင်းဝန်းကွင်းမင်းလမ်းမရပ် တွင် ဗုံးဟုယူဆရသည့် အရာဝတ္ထု ကို မိုင်းရှင်းလင်းရေး အဖွဲ့တွေက ရောက်လာပြီး ရှင်းသွားကြ ကြောင်း ဒေသခံတွေက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly