VOM သတင်းဌာန သတင်းထုတ်လွှင့်မှုကို ရပ်ဆိုင်း

VOM သတင်းဌာန သတင်းထုတ်လွှင့်မှုကို ရပ်ဆိုင်း

မေ ၃

မန္တလေးမြို့ အခြေစိုက် Voice of Myanmar(VOM) သတင်းဌာနရဲ့ သတင်းထုတ်လွှင့်မှုတွေကို အကြောင်းအမျိုးမျိုးကြောင့် ခေတ္တရပ်ဆိုင်းသွားမယ်လို့ VOM သတင်းဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

VOM သတင်းဌာန အယ်ဒီတာချုပ် ဦးနေမျိုးလင်းနဲ့ သတင်းထောက် ကိုရှိုင်းအောင်တို့ နှစ်ဦးကို အာဏာသိမ်း စစ်တပ်က ဧပြီလ ၂၇ ရက်နေ့မှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းထောက်အများအပြား ဖမ်းဆီးခံထားရသလို ပြည်တွင်းအခြေစိုက် မီဒီယာ ခြောက်ခုကိုလည်း ထုတ်ဝေခွင့်လိုင်စင် ပိတ်သိမ်းကြောင်း အာဏာသိမ်း စစ်တပ်က ကြေညာထားပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly