ပုသိမ်ဆေးရုံက CDM ဆရာဝန်တွေကို ရာထူးတိုးဖြေဆိုခွင့်လျှောက်လွှာကိစ္စနဲ့ မြူစွယ်ပြီး ရုံးပြန်လာခိုင်းနေ

ပုသိမ်ဆေးရုံက CDM ဆရာဝန်တွေကို ရာထူးတိုးဖြေဆိုခွင့်လျှောက်လွှာကိစ္စနဲ့ မြူစွယ်ပြီး ရုံးပြန်လာခိုင်းနေ

ဧပြီလ ၂၈

ပုသိမ်ဆေးရုံက CDM ဝင်ထားတဲ့ ဆရာဝန်တွေနဲ့ လက်ထောက်ဆရာဝန်တွေရဲ့ မိဘတွေကို"အမြန်ဆုံးအလုပ်ပြန်လည်ဝင်ရောက်ရေး ၎င်းတို့၏ မိဘများမှကြတ်မတ်ဆောင်ရွက်နိုင်ရန်" လို့ရေးသားပြီး ဧပြီလ ၂၈ ရက်နေ့မှာအစည်းအဝေးလာတက်ဖို့ကို ဧပြီလ၂၆ ရက်နေ့က စာပို့အကြောင်းကြားတာတွေရှိခဲ့ပါတယ်။

ဒီနေ့ ဧပြီလ ၂၈ ရက်နေ့ အာဏာသိမ်းစစ်ကောင်စီက ခေါ်ယူတဲ့အစည်းအဝေးမှာ ဆရာဝန်တွေရဲ့ မိဘအုပ်ထိန်းသူ ခန့်မှန်းခြေ အယောက် ၃၀ နီးပါး တက်ရောက်ခဲ့တယ်လို့သိရပြီး အဲ့ဒီအစည်းအဝေးမှာ "ဆရာဝန်တွေအကုန်လုံး ရာထူးတိုးဖြေဆိုခွင့်တွေရှိတယ် အဲ့ဒီရာထူးတိုးဖြေဆိုခွင့် လျှောက်လွှာတွေကို မေလ (၅)ရက်နေ့မှာ နောက်ဆုံးထားပြီးလာတင်ပေးဖို့ မြူစွယ်ခဲ့တယ်လို့သိရပါတယ်။

လက်ရှိအချိန်မှာတော့ ပုသိမ်ဆေးရုံကCDM ဝင်ထားတဲ့ ဆရာဝန်တွေနဲ့လက်ထောက်ဆရာဝန်တော်တော်များများကတော့ စစ်အုပ်စုဘက်က ရာထူးတို့ပေးဖို့မြူစွယ်တာကိုလက်မခံပဲ CDM ဆက်လုပ်နေကြပြီး လက်ထောက်ဆရာဝန် ၃ ယောက်လောက်ကတော့ဆေးရုံမှာ အလုပ်ပြန်ဝင်ဖို့ရှိနေတယ်လို့သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly