Gen Z ကထုတ်တဲ့ Game သပိတ်

Gen Z ကထုတ်တဲ့ Game သပိတ်

ဧပြီ ၂၄

ဖေဖော်ဝါရီ ၁ရက်နေ့ကစလို့ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက် ပြည်သူတွေအနေနဲ့ အာဏာသိမ်းမှုကိုဆန့်ကျင်ကြောင်း ဆန္ဒပြမှုတွေ နိုင်ငံအနှံ့အပြားမှာ ပြုလုပ်ခဲ့ကြပါတယ်။

အဲ့လို ဆန္ဒပြမှုတွေမှာ လူငယ်တွေ( Gen Z) ကပြုလုပ်တဲ့သပိတ်ပေါင်းစုံပါဝင်ပြီး အသံတိတ်သပိတ်၊ ပန်းသပိတ်၊ ခြေလှမ်းတိုင်းမှာ ပန်းများပွင့်စေဆိုတဲ့သပိတ်၊ Flashlightသပိတ် စသဖြင့် သပိတ်မျိုးစုံနဲ့ဆန့်ကျင်ခဲ့ကြပါတယ်။ 

ဒီလိုသပိတ်မျိုးတွေပြီးတဲ့နောက် ခုချိန်မှာတော့ Gameသပိတ်ကိုပါ ထပ်မံ ပြုလုပ်လိုက်ပြီဖြစ်ပါတယ်။ 

ဒီဂိမ်းကိုတော့ မြန်မာနိုင်ငံက Gen Zတွေကပဲထုတ်လုပ်ခဲ့ကြပြီး ဂိမ်းနာမည်ကတော့ Z Revolutionပဲဖြစ်ပါတယ်။ 

အဆိုပါဂိမ်းဟာ strategy ဂိမ်းတစ်ခုဖြစ်ပြီး ကျွန်တော်တို့ငယ်ငယ်က ကွန်ပြူတာတွေမှာ ဆော့ခဲ့ကြတဲ့ Plants and Zombiesဂိမ်းနဲ့ အလားတူဆင်ပါတယ်။ 

"Game ကလောလောဆယ်တော့ Early Access ဖြစ်ပြီးတော့ အရေးတော်ပုံအောင်မြင်ပြီးတဲ့အခါ Full Game တစ်ခုအနေနဲ့ထုတ်နိုင်အောင် ဆက်လက်ကြိုးစားသွားမှာပါ" လို့ Z revolution ဖေ့စ်ဘုတ်ပေ့ခ်ျက ဖော်ပြထားပါတယ်။

ဒီဂိမ်းမှာဝော့ လက်ရှိ ဆန္ဒပြပွဲတွေကို မြင်သာအောင်လို့ ပြည်သူ တွေကတစ်ဖက် နဲ့ ရဲ၊ စစ်သားတွေကတစ်ဖက် ပါဝင်ပါတယ်။ 

ပြည်သူတွေဘက်မှာတော့ ကီးဘုတ်ဖိုက်တာတွေ၊ ရှေ့တန်းကဒိုင်းကာသမားတွေ ၊ ရှူးဒိုင်းပစ်တဲ့သူတွေ၊ လေးခွနဲ့ပစ်တဲ့သူတွေစတဲ့ ကာရိုက်တာပါဝင်ပါတယ်။ 

ပွဲစပြီဆိုတာနဲ့ ပြည်သူတွေဘက်က ကြွေးကြော်သံစကားလုံးတွေနဲ့အတူ နာမည်ကြီးခဲ့တဲ့ ပလာတာဆိုင် လည်းပါဝင်ပါတယ်။ 

လက်သုံးချောင်းထောင်သင်္ကေတလည်းပါဝင်ပြီး အဲ့ဒီသင်္ကေတနဲ့ ဇာတ်ကောင်လေးတွေကို ဝယ်ယူရမှာဖြစ်ပါတယ်။ 

လက်ရှိမှာတော့ ဒီဂိမ်းကို Z revolution ဖေ့စ်ဘုတ်ပေ့ခ်ျမှာ သွားရောက်ဒေါင်းလုပ်ရယူနိုင်ပေမယ့် Android နဲ့ PCအတွက်သာ ဒေါင်းလုပ် လုပ်နိုင်မှာဖြစ်ပါတယ်။ 

ဒေါင်းလုပ် လုပ်ရာမှာ အခကြေးငွေပေးပြီး ဒေါင်းလုပ် လုပ်လို့ရသလို Freeလည်း ဒေါင်းလုပ်လုပ်နိုင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly