မြန်မာနိုင်ငံ၏ အခြေအနေအပေါ် စိုးရိမ်ပူပန်နေမိဟု ထိုင်း၀န်ကြီးချုပ် ပြောဆို

မြန်မာနိုင်ငံ၏ အခြေအနေအပေါ် စိုးရိမ်ပူပန်နေမိဟု ထိုင်း၀န်ကြီးချုပ် ပြောဆို
Photo - AFP

ဧပြီ ၂၂

ထိုင်း၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာသည် လာမည့်စနေနေ့တွင် ပြုလုပ်မည့် အာဆီယံအစည်းအဝေး မတိုင်မီ ဧပြီ ၂၂ ရက်နေ့၌ အင်ဒိုနီးရှားသမ္မတ ဂျိုကို၀ီဒိုဒိုနှင့် ဖုန်းဆက်စကားပြောဆိုခဲ့ရာတွင် ၎င်းအနေဖြင့် အိမ်နီးချင်း မြန်မာနိုင်ငံရှိ လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ စိုးရိမ်ပူပန်နေမိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်ဟု သိရသည်။

“မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဒေသရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ခု ဖြစ်ပေါ်စေလျက် ရှိတာကို ကျွန်တော် သဘောပေါက်ပါတယ်” ဟု ပရာယွတ်က ဘန်ကောက်တွင် ဧပြီ ၂၂ ရက်က ပြောခဲ့သည်။

ယင်းနောက် ထိုင်း၀န်ကြီးချုပ်က ၎င်းအနေဖြင့် ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ဖြစ်ပွားနေမှု အခြေအနေကြောင့် အာဆီယံ အစည်းအဝေးကို ကိုယ်တိုင် တက်ရောက်နိုင်ခြင်း မရှိကြောင်း အင်ဒိုသမ္မတနှင့် ဖုန်းဆက်စကားပြောဆိုမှုအတွင်း ပြောခဲ့သည်။

ထိုင်းနိုင်ငံတွင် အဓိကအားဖြင့် မြို့တော်ဘန်ကောက်၌ ဧပြီလအစောပိုင်းနောက်ပိုင်း လူပေါင်း ၁၇,၀၀၀ ကျော် ဗိုင်းရပ်စ် ကူးစက်ခံထားရကြောင်း သိရသည်။

ထိုင်း၀န်ကြီးချုပ် ပရာယွတ် ကိုယ်စား ထိုင်းဒု၀န်ကြီးချုပ်လည်းဖြစ်၊ နိုင်ငံခြားရေး၀န်ကြီးလည်းဖြစ်သည့် ဒွန် ပရာမု၀ီနိုင်းက ဂျကာတာတွင် ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးသို့ သွားရောက်တက်ရောက်မည် ဖြစ်သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly