၂၀၁၅ အလွန် ပြည်ခိုင်ဖြိုးကို ပြည်သူချစ်ပါတီဖြစ်အောင် ကြိုးစားမယ်ဟု ဦးရွှေမန်းပြော

၂၀၁၅ အလွန် ပြည်ခိုင်ဖြိုးကို ပြည်သူချစ်ပါတီဖြစ်အောင် ကြိုးစားမယ်ဟု ဦးရွှေမန်းပြော

ကညွတ်ကွင်း၊ အောက်တိုဘာ ၃၁ ။ ။ ၂၀၁၅ခုနှစ် ရွေးကောက်ပွဲ အလွန်ကာလတွင် ပြည်ထောင်စုကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီကို ပြည်သူချစ်ပါတီဖြစ်အောင် နှင့် အချုပ်အခြာ အာဏာ ပြည်သူ့လက်ထဲရောက်အောင် ထပ်မံကြိုးစားသွားမည်ဟု သူရဦးရွှေမန်းက အောက်တိုဘာ ၃၁ရက်က မဲဆွယ်လိုက်သည်။ 

၎င်းက အောက်တိုဘာ ၃၁ရက်က ၎င်း၏ မဲဆန္ဒနယ် ကညွတ်ကွင်းတွင် ပြောကြားလိုက်ခြင်းဖြစ်သည်။ 

ယင်းအပြင် ပါတီကြီးများ အနေဖြင့် ရွေးကောက်ပွဲတွင် အနိုင်ရရှိရန် ခက်ခဲမည်ဟု ၎င်းက ပြောကြားလိုက်သည်။ ယင်းအပြင် ပါတီများ တစ်ခုနှင့် တစ်ခု ပြိုင်ဘက်ကဲ့သို့ သဘောထားခြင်းထက် ရန်သူကဲ့သို့ သဘောထားနေသည့် ဖြစ်ရပ်များကိုလည်း တွေ့မြင်နေရပြီး ၎င်း၏ မဲဆန္ဒနယ်တွင် ထိုသို့ မဖြစ်စေရန် ၎င်းက ပါတီဝင်များကို ညွှန်ကြားခဲ့သေးသည်။ 

 

"ပါတီကြီးများဟာလည်း အနိုင်ရဖို့ အင်မတန်မှ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရမယ်ဆိုတာ သတိပြုသင့်ပါတယ်။ တချို့နေရာတွေမှာ ပါတီအချင်းချင်း ပြိုင်ဘက်ကဲ့သို့ သဘောထားရမည့်အစား ရန်ဘက်ကဲ့သို့ ပြုမူနေတာ တွေ့ရှိရတဲ့အတွက် ဝမ်းနည်း စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ နယ်မှာတော့ ဒါမျိုးမဖြစ်ဖို့ ကျွန်တော် ပန်ကြားလိုပါတယ်။ " ဟု သူရဦးရွှေမန်းက ၎င်း၏ မဲဆန္ဒနယ် ဖြူးမြို့နယ် ကညွတ်ကွင်းတွင် အောက်တိုဘာ ၃၁ရက်က ပြောသည်။ (ရိုက်ကူး- ဟိန်းကိုစိုး၊မဇ္ဈိမ)

Posted by Mizzima - News in Burmese on Saturday, October 31, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly