ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံတကာအဖွဲ့များမှ ငွေကြေးတိုက်ရိုက်ထောက်ပံ့မှု မရှိဟု ကော်မရှင်ရှင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံတကာအဖွဲ့များမှ ငွေကြေးတိုက်ရိုက်ထောက်ပံ့မှု မရှိဟု ကော်မရှင်ရှင်း
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးတွင် အောက်တိုဘာ ၂၇ရက်က ရွေးကောက်ပွဲဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်(ဓာတ်ပုံ - မင်းမင်း/မဇ္ဈိမသတင်းဌာန)

နေပြည်တော်၊ အောက်တိုဘာ ၂၇ ။ ။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ နိုင်ငံတကာ အဖွဲ့အစည်းများမှ ငွေကြေးအားဖြင့် တိုက်ရိုက်ထောက်ပံ့မှု မရှိကြောင်း ပြည်ထောင်စုရွေကောက်ပွဲကောမရှင်အတွင်းရေးမှူး ဦးတင်ထွန်းက ယနေ့ သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။

“ပြောချင်တာက ငွေသားထောက်ပံ့တာ လုံးဝမရှိပါဘူး"ဟု ဦးတင်ထွန်းက အောက်တိုဘာလ (၂၇)ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နိုင်ငံတကာအဖွဲ့အစည်းတွေ၏ စည်းမျဉ်းစည်းကမ်းအရလည်းကောင်း၊ အလှူရှင်နိုင်ငံများ၏ သတ်မှတ်ချက်များအရ လည်းကောင်း၊ ပြည်ထောင်စုရွေကောက်ပွဲကော်မရှင်သို့ဖြစ်စေ၊ တိုင်းဒေသကြီးပြည်နယ်နှင့် မြို့နယ်ကော်မရှင်များသို့ဖြစ်စေ၊ ငွေသားထောက်ပံ့ခြင်းမျိုးမရှိကြောင်း၎င်းက ပြောသည်။ 

ယင်းအပြင် မဲစာရင်းလုပ်ဆောင်ချိန်အတွင်း ဝယ်ယူထားသည့် ကွန်ပျူတာ အလုံးတစ်ထောင်ကျော်ကိုပင် ပြည်ထောင်စုရွေကောက်ပွဲမရှင်သို့ အပ်နှံခြင်းများမရှိသေးကြောင်း အတွင်းရေးမှူး ဦးတင်ထွန်းကပြောကြားခဲ့သည်။

UNDP မှ ရွေးကောက်ပွဲအတွက် မဲရုံသုံးပစ္စည်းများဖြစ်သည့် မှင်နှင့်နေရောင်ခြည်စွမ်းအင်သုံးဆိုလာပြားများကို ထောက်ပံ့ပေးကြောင်းနှင့် ယင်းသို့ထောက်ပံ့ပေးရာတွင်လည်း UNDP ကိုယ်တိုင်ပင် တင်ဒါခေါ်ယူ၍ ပစ္စည်းဝယ်ယူကြောင်းလည်း အတွင်းရေးမှူး ဦးတင်ထွန်းက သတင်းထောက်များကို ပြောကြားသည်။

“သူတို့ဘာသာ သူတို့ သူတို့အစီစဉ်နဲ့ တင်ဒါခေါ်ပါတယ်၊သူတို့ ဘာသူတို့ တင်ဒါရွေးပါတယ်၊သူတို့ဘာ သူတို့ ကြိုက်တဲ့နိုင်ငံက ဝယ်ပါတယ်" ဟု အတွင်းရေးမှူး ဦးတင်ထွန်းကရှင်းပြသည်။

လက်ရှိတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးချုပ်တွင် နိုင်ငံတကာမှ အဖွဲ့အစည်းဖြစ်သည့် I.D.E A (International For Democracy and Electoral Assistance ) အဖွဲ့၊  I.F.E.S (International Foundation For Electoral  Systems  Since ) အဖွဲ့ တို့ ရုံးထိုင်၍ မြန်မာနိုင်ငံတွင် ကျင်းပမည့် ရွေးကောက်ပွဲအတွက် ရွေး ကောက်ပွဲဆိုင်ရာ အကူအညီများကို လုပ်ဆောင်ပေးလျက်ရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့သို့ နိုင်ငံတကာအဖွဲ့အစည်းများမှ ပံ့ပိုးထောက်ပံ့မှု နှင့် ပတ်သက်၍ “ကျွန်တော်တို့ကို ယခုအချိန်အထိ မြန်မာငွေရော၊ နိုင်ငံခြားငွေရော တစ်ပြားမှ ထောက်ပံ့ခြင်း မရှိပါဘူး၊ ယခုအချိန်အထိလည်း ပစ္စည်းတွေ ထောက်ပံ့ပေးခြင်းမရှိပါဘူး၊ သူတို့နဲ့ဆိုင်တဲ့ သူတို့ ပရောဂျက်နဲ့ သူတို့ လာပါတယ်၊ ဥပမာ- မဲဆန္ဒရှင်တွေ အတွက် ပရောဂျက်လုပ်မယ်၊ သူတို့ ပညာရှင်ခေါ်လာတယ်” ဟု အောက်တိုဘာလ ၂၇ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly