မဲရုံအတွင်း ဖုန်းမပြောရန် ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တားမြစ်မည်

မဲရုံအတွင်း ဖုန်းမပြောရန် ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင် တားမြစ်မည်

 

မဇ္ဈိမ၊ ကမ္ဘောဇတိုင်း

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပသည့် နိုဝင်ဘာလ ၈ ရက်နေ့တွင် မဲရုံတိုင်း၌ “ဖုန်းမပြောရ၊ ဓာတ်ပုံ မရိုက်ရ” စသည့် အမှတ်အသားပါ တားမြစ် ဆိုင်းဘုတ်များအား အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာ သာ တို့ဖြင့် ရေးကပ်ထားမည်ဖြစ်ကြောင်း ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရှိရသည်။

“မဲရုံတိုင်းမှာ ဖုန်းမပြောရ၊ ဓာတ်ပုံ မရိုက်ရဆိုတဲ့ တားမြစ်ချက်တွေကို အင်္ဂလိပ်လို၊ မြန်မာလို ရေးကပ် ထားပါမယ်။ မဲဆန္ဒရှင် ပြည်သူတွေသာ မဟုတ်ပါဘူး။ မဲရုံဝန်ထမ်းတွေကော၊ မဲရုံအတွင်းကို ဝင်ပြီး စောင့်ကြည့် လေ့လာ ကြမယ့်သူတွေကော ဖုန်းပြောခွင့် မရှိပါဘူး”ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန် ရှိသူတစ်ဦးက ပြောကြားသည်။

သတင်း မီဒီယာများအနေဖြင့်လည်း မြို့နယ် တစ်မြို့နယ်တွင် မီဒီယာအဖွဲ့တစ်ဖွဲ့လျှင် သုံးဦးခွင့်ပြုထားပြီး လုံခြုံရေးကဒ်များ ထုတ်ပေးသွားမည်ဖြစ်ကြောင်း၊ လျှို့ဝှက်ဆန္ဒပြုခြင်းကို အနှောင့်အယှက် မဖြစ်အောင် သတင်းရယူခွင့် ပြုမည်ဖြစ်ပြီး မဲရုံအတွင်း၌ ဓာတ်ပုံရိုက်ခွင့် မရှိကြောင်းလည်း သိရှိရသည်။

ပြည်ပ စောင့်ကြည့်လေ့လာရေး အဖွဲ့များကိုလည်း ရွေးကောက်ပွဲကော်မရှင်က International Observer ဟူ၍ ကဒ်ပြားများ ထုတ်ပေးထားပြီးဖြစ်ကြောင်း သိရှိရသည်။

“နိုင်ငံခြားသား စောင့်ကြည့်လေ့လာရေး အဖွဲ့တွေမှာ Long Term Observer နဲ့ Short Term Observer ဆိုပြီး ရှိပါတယ်။  သူတို့က ရွေးကောက်ပွဲကော်မရှင်မှာ မှတ်ပုံတင်ရပါတယ်။ ရွေးကောက်ပွဲ ကော်မရှင်ကနေပြီး International Observer ဆိုတဲ့ ကဒ်တွေ ထုတ်ထားပေးပါတယ်။ သူတို့ လွတ်လွတ်လပ်လပ် သွားချင်တဲ့ေ နရာတွေကို လုံခြုံရေး ကော်မတီအဖွဲ့တွေ၊ သက်ဆိုင်ရာ ဒေသအာဏာပိုင်တွေနဲ့ ကျွန်တော်တို့က ညိနှိုင်း ဆောင်ရွက်ပေးပါတယ်”ဟု ရှမ်းပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူ တစ်ဦးကပြော ကြားသည်။

၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကျင်းပမည့် နိုဝင်ဘာလ ၈ ရက်တွင် ပြည်တွင်းရှိ သတင်းမီဒီယာများ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် လူမှုအဖွဲ့အစည်းများ သာမက ပြည်ပမှ နိုင်ငံတကာ စောင့်ကြည့်လေ့ လာရေးအဖွဲ့များကလည်း လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ဖြစ်မြောက်အောင်မြင်ရေးအတွက် လေ့ လာ စောင့်ကြည့်သွားကြမည်ဖြစ်ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly