မဲစာရင်း သက်သေခံလက်မှတ်များ ထုတ်ပေးမည်

မဲစာရင်း သက်သေခံလက်မှတ်များ ထုတ်ပေးမည်

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွက် မဲစာရင်း သက်သေခံ လက်မှတ်များကို နိုဝင်ဘာ ၁ ရက်မှ ၇ ရက်အထိ ရပ်ကွက်၊ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ပေးမည်ဟု ရွေးကောက်ပွဲ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အောက်တိုဘာ ၂၂ ရက်တွင် ကြေညာသည်။

လက်မှတ်ထုတ်ယူကြရန် ကော်မရှင်က တိုက်တွန်းထားပြီး အကျိုးအဖြစ် မဲစာရင်းတွင် ပါဝင်ကြောင်းနှင့် မဲပေးခွင့်ရှိကြောင်း ခိုင်လုံစေမည်ဟုဆိုသည်။ ပေးရမည့် မဲရုံကိုလည်း သိရှိနိုင်မည်ဖြစ်ပြီး မှတ်ပုံတင်အစား ထိုလက်မှတ်ကို အထောက်အထားအဖြစ် ပြသနိုင်မည်ဟုလည်း ဆိုထားသည်။

အဆိုပါ သက်သေခံလက်မှတ်များ ထုတ်ယူနိုင်ခြင်း မရှိသော်လည်း ပုံမှန်ပဲပေးနိုင်မည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ မဲဆန္ဒရှင် လက်မှတ်တွင်

(က) မြို့နယ်၊ ရပ်ကွက်/ကျေးရွာအုပ်စု
(ခ) မဲရုံအမှတ်၊ မဲစာရင်းအမှတ်စဉ်
(ဂ) အမည်
(ဃ) ကျား/မ
(င) မွေးသက္ကရာဇ်
(စ) မှတ်ပုံတင်အမှတ်
(ဆ) အဖအမည်၊ အမိအမည်
(ဇ) နေရပ်လိပ်စာ တို့ ပါဝင်မည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly