ဖွံ့ဖြိုးရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့၍ ရွေးကောက်ပွဲတွင် ယုံကြည်မှုရှိရန် ဦးနန္ဒကျော်စွာ ပါတီဝင်များကိုပြော

ဖွံ့ဖြိုးရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့၍ ရွေးကောက်ပွဲတွင် ယုံကြည်မှုရှိရန် ဦးနန္ဒကျော်စွာ ပါတီဝင်များကိုပြော
အောက်တိုဘာ ၁၇ရက် နံနက် ၈နာရီက၊ ဗိုလ်စိန်မှန် ဘောလုံးကွင်းတွင် ပြုလုပ်သည့် ပြည်ခိုင်ဖြိုးပါတီ ရန်ကုန်အနောက်ပိုင်းခရိုင် လူထုဟောပြောပွဲကို တွေ့ရစဉ်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီသည် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့သည့် သမိုင်းသက်သေများ ရှိပြီးသားဖြစ်သည်ဟု ပြည်သူ့လွှတ်တော် ဒုတိယ နာယက လည်းဖြစ်၊ ပြည်ခိုင်ဖြိုး ဗဟိုအလုပ်အမှုအဆောင် ကော်မတီဝင်လည်း ဖြစ်သူ ဦးနန္ဒကျော်စွာက အောက်တိုဘာ ၁၇ရက်တွင် ဟောဆို ပြောမဲဆွယ်ခဲ့သည်။ " “နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ကို ဘယ်လောက် စွမ်းစွမ်းတမံ လုပ်ခဲ့လည်းဆိုတာ ကျွန်တော်တို့ အတိတ်သမိုင်းက သက်သေခံပြီးဖြစ်တယ်။

ဒါကြောင့်မို့ ဘာတွေလုပ်ခဲ့တယ် ဆိုတာကို အထူး လိုက်ပြော နေမယ်ဆိုရင် ပြောစရာ တောင်မလိုဘူး။ အများက သိပြီးသား ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကိုယ့်ကို ယုံကြည်မှုရှိဖို့ လိုတယ်” ဟု ဆိုသည်။ ရန်ကုန်တိုင်း၊ ဗဟန်းမြို့နယ် အတွင်းရှိ ဗိုလ်စိန်မှန် အားကစားကွင်းအတွင်း အောက်တိုဘာ ၁၇ ရက်တွင် ပြုလုပ်သည့် လူ ၅၀၀ ခန့်တက်ရောက်သော ပြည်ခိုင်ဖြိုးပါတီ၏ ရန်ကုန် အနောက်ပိုင်းခရိုင် လူထုဟောပြောပွဲတွင် ပြောခဲ့ခြင်း ဖြစ်သည်။

ယင်းဟောပြောပွဲသို့ ရန်ကုန်အနောက်ပိုင်းခရိုင် မြိုနယ်များဖြစ်သည့် ပန်းပဲတန်း၊ လသာ၊ ကျောက်တံတား၊ ဆိပ်ကမ်း၊ စမ်းချောင်း၊ ဗဟန်း၊ မရန်းကုန်း၊ ကြည့်မြင်တိုင်၊ လှိုင်၊ လမ်းမတော်၊ ဒဂုံမြို့နယ်များမှ ပြည်ခိုင်ဖြိုး ပါတီဝင် ဘောလုံးကွင်း သုံးပုံတစ်ပုံ (ခန့်မှန်း ၅၀၀ကျော်)ခန့် တက်ရောက်ခဲ့သည်။ လူထု ဟောပြောပွဲတွင်ပင် ဦးနန္ဒကျော်စွာက နိုင်ငံကို ပြုပြင်ပြောင်းလဲရန် အချိန်ယူရန် လိုအပ်ပြီး၊ ပါတီ ဥက္ကဌ သမ္မတ ဦးသိန်းစိန် တက်ရောက်လာ ကတည်းကပင် နိုင်ငံ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကာ၊ ပြုပြင်ပြောင်းလဲမှုများ ဆက်လက် လုပ်ဆောင်နိုင်ရန် ရန်ကုန်တိုင်းတွင်သာမက၊ တစ်နိုင်ငံလုံးတွင် အစိမ်းရောင် လွှမ်းခြုံသည့် ပြည်ခိုင်ဖြိုးကို မဲပေးရန် တိုက်တွန်းခဲ့သည်။

ယင်းလူထုဟောပြောပွဲသည် ရန်ကုန်တိုင်းတွင် ဒုတိယအကြိမ်မြောက် ပြုလုပ်ခြင်းလည်းဖြစ်ပြီး၊ ပထမဆုံးအကြိမ် လူထုတွေ့ဆုံပွဲကို အောက်တိုဘာ ၁၀ရက်တွင် သင်္ကန်းကျွန်းမြို့နယ်အတွင်း ပြုလုပ်ခဲ့သေးသည်။

ပြည်ခိုင်ဖြိုးပါတီသည် ရန်ကုန်တိုင်းအတွင်း လူထုဟောပြောပွဲများကို ၄ကြိမ်အထိ ပြုလုပ်သွားရန် လျာထားပြီး ကျန်ရှိသည့် ၂နေရာအတွက် သန်လျင်နှင့် အင်းစိန်မြို့နယ်တို့ အတွင်းပြုလုပ်ရန် လျာထားကြောင်း ရန်ကုန်တိုင်း ပါတီမှသိရသည်။

၂၀၁၅ခုနှစ် နိုဝင်ဘာ ၈ရက်တွင် ကျင်းပမည့် အထွေထွေ ရွေးကောက်ပွဲကို ပြည်ခိုင်ဖြိုးက ကိုယ်စားလှယ်ပေါင်း ၁၁၃၀ကျော်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် အာဏာရ ပါတီတစ်ခုလည်း ဖြစ်သည်။

 

ဖွံ့ဖြိုးရေး စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့၍ ရွေးကောက်ပွဲတွင်ယုံကြည်မှုရှိရန် ဦးနန္ဒကျော်စွာ ပါတီဝင်များကိုပြော“နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ဖို့ကို ဘယ်လောက် စွမ်းစွမ်းတမံ လုပ်ခဲ့လည်းဆိုတာ ကျွန်တော်တို့ အတိတ်သမိုင်းက သက်သေခံပြီးဖြစ်တယ်။ ဒါကြောင့်မို့ ဘာတွေလုပ်ခဲ့တယ် ဆိုတာကို အထူး လိုက်ပြော နေမယ်ဆိုရင် ပြောစရာ တောင်မလိုဘူး။ အများက သိပြီးသား ဖြစ်တဲ့အတွက် ကျွန်တော်တို့ ကိုယ့်ကို ယုံကြည်မှုရှိဖို့ လိုတယ်” (ဟိန်းကိုစိုး - သတင်း၊ ရုပ်သံ၊ ဓာတ်ပုံ) ဆက်ဖတ်ရန် - http://mizzimaburmese.com/article/6163

Posted by Mizzima - News in Burmese on Saturday, October 17, 2015

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly