ကိုယ်လုပ်သလောက် အကျိုးမရှိသည့် စနစ်အတွက် ပြောင်းလဲကြရန် ကြည်ဖြူသ ျှင်တိုက်တွန်း

ကိုယ်လုပ်သလောက် အကျိုးမရှိသည့် စနစ်အတွက် ပြောင်းလဲကြရန် ကြည်ဖြူသ ျှင်တိုက်တွန်း

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို မဲဆွယ်စည်းရုံးပေးရန် ဧရာဝတီတိုင်း ပုသိမ်မြို့သို့ ရောက်ရှိနေသည့် ဒါရိုက်တာ ကြည်ဖြူသ ျှင်က ဘယ်အစိုးရတက်တက် ငါနဲ့ မဆိုင်ဟူသည့် စိတ်များ မထားဘဲ နိုဝင်ဘာ ၈ ရက်တွင် မဲသွားရောက်ပေးကြရန် တိုက်တွန်းပြောဆိုလိုက်သည်။

“ပြည်သူအချို့က ပြောကြတယ် ဘယ်အစိုးရတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာ ငါတို့နဲ့ မဆိုင်ဘူးလို့ အဲ့ဒီလို စိတ်မျိုးမထားပါနဲ့” နဲ့ဟု ကြည်ဖြူသ ျှင်က မေတ္တာ ရပ်ခံခဲ့သည်။

“ကိုယ်လုပ်မှ ကိုယ်စားရမယ် ဆိုပေမယ့် တစ်ကယ်ပဲ ကိုယ်လုပ်သလောက် အကျိုးရှိနေပြီလား ကိုယ်လုပ်သလောက် ထိုက်တန်တဲ့ ဝင်ငွေ ရနေပြီလား။ အဲ့ဒီလိုမရသေးတာဟာ တိုင်းပြည်တစ်ခု ပြောင်းလဲဖို့ လိုအပ်နေတဲ့ အခြေအနေပါ။ ဒါ့ကြောင့် ကိုယ်လုပ်မှ ကိုယ်စားရမယ် ဆိုတဲ့လူတွေအတွက် ကိုယ်လုပ်သလောက် ထိုက်တန်တဲ့ ဝင်ငွေရဖို့အတွက် ပြောင်းလဲရမယ့် အချိန်တစ်ခုမှာ လူတိုင်း ကိုယ်စီ ကိုယ်ငှ မဲပေးကြပါ” ဟု ကြည်ဖြူသ ျှင်က တိုက်တွန်းခဲ့သည်။

အလားတူပင် “မဲပေးတာဟာ ကိုယ့်ရဲ့ အနာဂတ်အတွက် ကိုယ့်တိုင်းပြည် အနာဂတ်အတွက် နောင်လာမယ့် မျိုးဆက်သစ်တွေ အနာဂတ်အတွက် လူတိုင်းရင်ထဲမှာ တစ်ကယ်ကို အရေးကြီးဆုံး အနေနဲ့ စိတ်ထဲမှာ ထားစေချင်ပါတယ်” ဟုလည်း တိုက်တွန်းခဲ့သေးသည်။

 

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေး လှုပ်ရှားမှုအဖြစ် ဒါရိုက်တာ ကြည်ဖြူသ ျှင် ဦးဆောင်သည့် အဆိုတော်များစွာပါဝင်သော အနုပညာရှင်များသည် အောက်တိုဘာ ၁၀ ရက် ညပိုင်းတွင် ပုသိမ်မြို့တွင်း လှည့်လည် ဖျော်ဖြေမည်ဖြစ်သည်။

အနုပညာရှင် အယောက် ၂၀ နီးပါးပါဝင်သည့် အဖွဲ့တွင် ယုဇန၊ လင်းနစ်၊ သ ျှီ၊ မီမီဝင်းဖေ၊ အလင်းရောင်၊ ရန်ရန်ချမ်း၊ ဂျီလတ်၊ ထက်နိုင်ထွန်း၊ တူးတူး၊  ဖြိုးကြီး၊ အနဂ္ဂ၊ ကော်နီ၊ သံသာဝင်း၊ ကြည်ဖြူသ ျှင်၊ စိုင်းစံ၊ J Tone တို့ ပါဝင်သည်။

ဖျော်ဖြေပွဲတွင် ပါဝင်သူတစ်ဦးဖြစ်သည့် သံသာဝင်းကလည်း “ပြောင်းလဲဖို့အတွက် အနုပညာ ရေအေးတိုက်ကျွေးဖို့ ပုသိမ်က ပြည်သူများကို ဖျော်ဖြေဖို့ အတွက် အရမ်း ပီတိဖြစ်မိတယ် ပုသိမ်မှာ လူအင်အားများတယ် NLD အတွက် ဖျော်ဖြေခွင့် ရတာ အတိုင်းမသိ ပျော်ရွှင်တယ် စနစ်ဟောင်းကြီးလဲ ပြောင်းလဲ ချင်နေပါပြီ”ဟု ပြောဆိုခဲ့သည်။

ဧရာဝတီတိုင်း ပုသိမ်မြို့နယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်အတွက် ကရင်ပြည်သူ့ပါတီမှ ဒေါ်နော်မေရီလင်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဦးဝေလှိုင်ထွန်း၊ ကြံ့ခိုင်ရေးပါတီမှ ဦးသန်းထွန်း၊ မြန်မာနိုင်ငံ တောင်သူလယ်သမား အလုပ်သမား ပြည်သူ့ပါတီမှ ဒေါက်တာ ကံမြင့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးတင်ဝင်း၊ အမျိုးသား တိုးတက်မြင့်မားရေးပါတီမှ ဦးမြဟံ၊ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီမှ ဦးသန်းဝင်း၊ အမျိုးသားတိုးတက်ရေးပါတီမှ ဒေါ်ခင်စန်းဝေ၊ မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီမှ ဒေါ်ချိုချိုမာ၊ ဒီမိုကရက်တစ်ပါတီမှ ဦးသန်းဝင်းနှင့် တသီးပုဂ္ဂလ အမတ်လောင်း ဦးသီဟတို့ အသီးသီး ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly