ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ လုပ်ခြင်းဖြင့် တပ်မတော်ဂုဏ် ဖော်ပေးရန် ဗိုလ်ချုပ်မှူးကြီး ညွှန်ကြား

ဒေသဖွံ့ဖြိုးရေး၊ နိုင်ငံတည်ဆောက်ရေး လုပ်ငန်းများ လုပ်ခြင်းဖြင့် တပ်မတော်ဂုဏ် ဖော်ပေးရန် ဗိုလ်ချုပ်မှူးကြီး ညွှန်ကြား

ရန်ကုန်၊ အောက်တိုဘာ ၅။   ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ၏ တပ်မတော်သားများကို တိုက်ခိုက်ရည် ထက်မြက်ရန် ကြိုးပမ်းကြရမည်ဟု တိုက်တွန်းကာ တစ်ဆက်တည်းတွင်လည်း ပြည်သူလူထုအတွက် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ လုပ်ဆောင်ပေးခြင်းဖြင့် တပ်မတော်၏ ဂုဏ်ကို ဖေါ်ဆောင်ပေးရန် ညွှန်ကြားလိုက်သည်။

“မိမိနယ်မြေ ဒေသအတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ပြည်သူ့အကျိုးစီးပွားကို ဖေါ်ဆောင်ပေးရမည်ဖြစ်ကြောင်း အနာဂတ် ရည်မှန်းချက် ဖြစ်သည့် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီး တည်ဆောက်ရေးတွင် တပ်မတော်အနေဖြင့် အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်ရင်း တပ်မတော်၏ ဂုဏ်ကိုဖေါ်ဆောင်ရန် တိုက်တွန်းကြောင်း” ဟု ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ညွှန်ကြားသည်။

မွန်ပြည်နယ် မော်လမြိုင် တပ်နယ်ရှိ အောင်ဆန်းခန်းမတွင် တပ်အရာရှိများ၊ မိသားစုများနှင့် အောက်တိုဘာ ၅ ရက် တွေ့ဆုံစဉ် ညွှန်ကြားခဲ့ခြင်းဖြစ်သည်။

ပြုပြင်ပြောင်းလဲရေး လုပ်ခဲ့သည့် တပ်မတော်ဟုဆိုကာ စည်းကမ်း ကောင်းမွန်မှုနှင့် အမိန့်နာခံမှုအပေါ် အခြေခံပြီး ပေးအပ်ထားသည့် တာဝန်များကို မှန်မှန်ကန်ကန် ထမ်းဆောင်ခြင်းကြောင့် တပ်မတော်ကို “ပြည်သူက အသိအမှတ်ပြု” ဟုလည်း ဗိုလ်ချုပ်မှူးကြီးက ဆိုသည်။

တပ်မတော်၏ မူဝါဒများဖြစ်သည့် တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်များကိုလည်း ဆက်လက် အကောင်အထည်ဖေါ်သွားရန် ထပ်ဆင့်ညွှန်ကြားခဲ့သည်။

သတင်းအရင်းအမြစ် - MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required