ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီ လှိုင်းဘွဲ့မြို့နယ်အတွင်း စတင်မဲဆွယ်စည်းရုံး

ဖလုံ - စဝေါ်ဒီမိုကရက်တစ်ပါတီ လှိုင်းဘွဲ့မြို့နယ်အတွင်း စတင်မဲဆွယ်စည်းရုံး

စက်တင်ဘာ ၈ ။         ။ ကရင်ပြည်နယ်မှ အင်အင်းကြီးပါတီ တစ်ခုဖြစ်သော ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီက မဲဆွယ် စည်းရုံးခွင့် စတင်ရသည့် ယနေ့တွင် လှိုင်းဘွဲ့မြို့နယ်အတွင်း သုံးနေရာခွဲ၍ မဲဆွယ် စည်းရုံးဟောပြော ခဲ့သည်ဟု ပါတီ ဒုတိယဥက္ကဋ္ဌ ဦးမန်းအောင်ပြည်စိုး က မဇ္ဈိမသို့ ပြောသည်။

မဲဆွယ်သည့်ပွဲတွင် ဟောပြောဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဒေသခံများနှင့် အပြန်အလှန် မေးမြန်းဖြေကြားခြင်း၊ လက်ကမ်းစာရွက်များ၊ ဗီနိုင်းများ၊ ပါတီသီချင်း စီဒီခွေများ ဝေငှခဲ့ကြသည်။

“ဒီနေ့စပြီး လုပ်နိုင်တာက ကိုယ်စားလှယ်လောင်းစာရင်း ထွက်ပြီးကတည်းက ခွင့်ပြုမိန့်တွေ ကြိုတင်လျှောက်ထားခဲ့လို့ လုပ်နိုင်တာပါ” ဟု ဦးမန်းအောင်ပြည်စိုး က ပြောကြားသည်။

ပါတီအနေဖြင့် ဘားအံမြို့ပေါ်တွင် မလုပ်သေးဘဲ စက်တင်ဘာ ၁၀ ရက်နေ့တွင် ကြာအင်းဆိပ် ကြီးမြို့နယ်၌ မဲဆွယ်စည်းရုံးမည်ဟု အဖွဲ့ဝင် ဒေါ်နန်းချယ်ရီကလည်း ပြောသည်။

ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီသည် လက်ရှိ ပြည်သူ့လွှတ်တော်တွင် ၂ နေရာ၊ အမျိုးသား လွှတ်တော် တွင် ၃ နေရာ၊ ပြည်နယ်လွှတ်တော်တွင် ၃ နေရာ စုစုပေါင်း (၈) နေရာရရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly