Sexy ဓာတ်ပုံများမရိုက်တော့ဟု ဇွန်သဥ္ဇာပြော

Sexy ဓာတ်ပုံများမရိုက်တော့ဟု ဇွန်သဥ္ဇာပြော

 

ရန်ကုန်၊ ဇန်နဝါရီ ၂၃ ။            ။ Sexy မော်ဒယ်ဟုလူသိများသည့် သရုပ်ဆောင်၊ အဆိုတော် ဇွန်သဉ္ဇာက သူ့အနေဖြင့် Sexy ဓာတ်ပုံများကို ဆက်လက်ရိုက်ကူးခြင်း   ပြုလုပ်တော့မည် မဟုတ်ဟု ပြောဆိုလိုက်သည်။

" စိတ်ထဲမှာကို မရိုက်ချင်တော့တာ ၁ နှစ်လောက်ရှိပြီ။ မရိုက်တော့တာ " ဟု ဇွန်သဉ္ဇာက ဇန်န်ဝါရီလ ၂၃ ရက်တွင် ပြောသည်။

ယနေ့ ဇန်နဝါရီ ၂၃ ရက် ရန်ကုန်မြို့ရှိ Orchid ဟိုတယ်တွင် " Zune Thinzar Forward To Art Show " ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့သည့် သူ၏ သတင်းစာရှင်းလင်းပွဲတွင်ပြောဆိုခဲ့ခြင်း ဖြစ်သည်။

" ဒါပေမယ့် ပရိသတ်တွေရဲ့တောင်းဆိုချက်အရ အရင်ကရိုက်ထားတဲ့ တစ်ပုံစ နှစ်ပုံစ ပြန်တင်တာတော့ ရှိတာပေါ့ " ဟု ဇွန်သဉ္ဇာက ဆိုသည်။

လက်ရှိတွင် ရှိုးပွဲများတွင်လည်း သီချင်းများဆိုနေရသောကြောင့် အဆိုဘက်ကို အားပိုထည့်ပြီး ကြိုးစားသွားမည်ဟု သူက ပြောခဲ့ပြီး အခြားအနုပညာလုပ်ငန်းများဖြစ်သည့် အဆို၊ အက၊ သရုပ်ဆောင်ဘက်များတွင် ပိုမိုကြိုးစားအား ထုတ်သွားမည်ဟု ပြောဆိုခဲ့သေးသည်။

ဇွန်သဉ္ဇာသည် လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်သည့် Facebook ပေါ်တွင် Sexy ဓာတ်ပုံများဖြင့် နာမည်ရလာသူတစ်ဦး ဖြစ်ပြီး အမျိုးသားပရိသတ်အများစု၏ အားပေးမှု ရရှိထားသူတစ်ဦး ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly