လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် (မြန်မာနိုင်ငံပြပွဲ) ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်

လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် (မြန်မာနိုင်ငံပြပွဲ) ပထမဆုံးအကြိမ် ကျင်းပပြုလုပ်မည်

ရန်ကုန် ၊ ဇန်နဝါရီ ၂ ။        ။ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးနှင့် ကိုရီးယားနိုင်ငံ ဟန်အီ ရုပ်သံသမိုင်း ဖောင်ဒေးရှင်း တို့ ပူပေါင်းပြီး ပထမဆုံးအကြိမ် အဖြစ် လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် (မြန်မာနိုင်ငံပြပွဲ) ကို ဇန်နဝါရီ ၃ရက် မှ ၅ရက် အထိ ရန်ကုန်မြို့ ၀င်္ကဘာလမ်းရှိ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးတွင် ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ကျင်းပ ပြုလုပ်သည့် လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် (မြန်မာနိုင်ငံပြပွဲ) သည် ပထမဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်းလည်း ဖြစ်ကာ ရုပ်ရှင်ကြည့် ခြင်းဖြင့် သမိုင်းကို သိနိုင်စေမည့် ရုပ်ရှင်ပွဲကြီး ဖြစ်သည်။

လွတ်လပ်ရေးနေ့အကြို နေ့ဖြစ်သည့် ဇန်နဝါရီ (၃) ရက် ညနေ (၃) နာရီခွဲတွင် ဝင်္ကပါလမ်းရှိ MMPO Cinema (မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး ရုပ်ရှင်ရုံ)တွင် ဖွင့်ပွဲကျင်းပမည် ဖြစ်ပြီး   မြန်မာရုပ်ရှင်ဇာတ်ကား ငဘ ကို စတင် ပြသမည် ဖြစ်သည်။

လွတ်လပ်ရေးလှုပ်ရှားမှု နိုင်ငံတကာရုပ်ရှင် (မြန်မာနိုင်ငံပြပွဲ)ကို ဇန်နဝါရီ (၄) ရက်နေ့ နေလည် (၂) နာရီနှင့် ညနေ (၅) နာရီ ၊ ဇန်နဝါရီ (၅) ရက်နေ့ နေလည် (၂) နာရီနှင့် ညနေ (၅) တို့တွင် နိုင်ငံတကာ ဇာတ်ကားများ ကို တစ်နေ့ (၂) ကားနှုန်း ပြသ ပေးသွားမည်ဖြစ်ပြီး အခမဲ့ပြသမှု ရုပ်ရှင်ပြပွဲ ဖြစ်သည်။

လက်မှတ်များကို မြန်မာနိုင်ငံ ရုပ်ရှင် အစည်းအရုံး၌ (၂၀၁၇) ဒီဇင်ဘာ (၃၀) ရက်နေ့ ရုံးချိန်အတွင်း၊ ဇန်နဝါရီ (၂) ရက်နေ့ ရုံးချိန်အတွင်း နှင့် ဇန်နဝါရီ (၃) ရက်နေ့ နံနက်ပိုင်း တို့တွင် ကြိုတင်ပြီး ရုပ်ရှင်ကြည့်ရှုခွင့် လက်မှတ် ထုတ်ယူကာ ကြည့်ရှု့နိုင်မည် ဖြစ်သည်။

လွတ်လပ်ရေးလှုပ်ရှားမှရုပ်ရှင်ပြပွဲတွင် ပြသမည့် ဇာတ်ကားများမှာ ငဘ ( ဦးကျော်သူ ပါဝင်သည့် မြန်မာ ဇာတ်ကား) ၊ Prophecy (ဗီယက်နမ် ဟိုချီမင်း လွတ်လပ်ရေးလှုပ်ရှားမှု အကြောင်း) ၊ Spirits’ Homecoming (ဂျပန်ခေတ် ဂျပန်စစ်သားတို့၏ ကိုရီးယား အမျိုးသမီးငယ်များအား လိင်ကျွန်အဖြစ် အသုံးပြုခံရခြင်း အကြောင်း) ၊  Michael Collins (မိုက်ကယ်ကောလင်းစ်- အင်္ဂလိပ်လက်အောက်မှ လွတ်မြောက်ရေး ကြိုးပမ်း ခဲ့သည့် အိုင်ယာလန် လွတ်မြောက်ရေး ခေါင်းဆောင် မိုက်ကယ်ကောလင်းစ် အကြောင်း) ၊ The Age of Shadows (ဂျပန်ခေတ် Spy အကြောင်း အခြေခံသည့် ရုပ်ရှင်ကား) တို့ပဲ ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly