ဇာတ်ကားနမူနာ ကြည့်ရှုမှု ၁သန်းကျော်သွားခဲ့သည့် အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကား

ဇာတ်ကားနမူနာ ကြည့်ရှုမှု ၁သန်းကျော်သွားခဲ့သည့် အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကား

 

ရန်ကုန် ၊ စက်တင်ဘာ ၃၀ ။               ။ အောက်တိုဘာလတွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင်ပြသတော့မည် အော်တိုဘုရင် ရုပ်ရှင်ဇာတ် ကားကြီးသည် ဖေ့ဘုတ်စာမျက်နှာတွင် ဇာတ်ကား နမူနာ စတင်လိုက်သည့်အချိန်မှ စပြီး ကြည့်ရှုသူ တစ်သန်း ကျော်သွားခဲ့ပြီ ဖြစ်သည်။

အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကား ကို အော်တိုဘုရင် ရုပ်ရှင်ဇာတ်ကား ဖေ့ဘုတ်စာမျက်နှာတွင် စက်တင်ဘာ ၂၂ရက်၌ ပရိသတ်များ နမူနာ ကြည့်ရှုနိုင်ရန် တင်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ဝင်ရောက် ကြည့်ရှုသူ တစ်ငန်းကျော်သွားခဲ့ပြီး ပရိသတ် စိတ်စင်စားနေသည့် ရုပ်ရှင်ဇာတ်ကားလည်း ဖြစ်သည်။

အော်တိုဘုရင် ရုပ်ရှင် ဇာတ်ကားကြီးသည် Bo Bo Film Production ၏ ပထမဆုံး ပွဲဦးထက် ရိုက်ကူးထား သည့် ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး အချိန် ၂နှစ်ကျော်ကြာမှ ရုံတင်ပြသခွင့် ရသည့် ရုပ်ရှင်ဇာတ်ကား တစ်ကား လည်း ဖြစ်သည်။

ထို ရုပ်ရှင် ဇာတ်ကားကို ဒါရိုက်တာ ညီညီထွန်းလွင် မှ ရိုက်ကူးထားပြီး တွဲဖက် ဒါရိုက်တာ သြရသ ၊ ဇာတ်လမ်း၊ ဇာတ်ညွှန်း ညီညီထွန်းလွင် ၊ မြင့်သန်းအောင် ဖြစ်ပြီး သရုပ်ဆောင် အဖြစ် ဇာဂနာ ၊ ကျော်ကျော်ဗို ၊ အိချောပို တို့နှင့်အတူ အနုပညာရှင် များစွာဖြင့် ရိုက်ကူး ထားခြင်း ဖြစ်သည်။

အော်တိုဘုရင် ရုပ်ရှင် ဇာတ်ကားသည် ဟာသ ဇာတ်ကား ဖြစ်ပြီး ပျူခေတ် နှင့် ပုဂံခေတ်ကြား ရှေးဘုရင်ခေတ် ပုံစံ ဇာတ်ကားကို မင်းသား ၊ မင်းသမီး အပြင် ဟာသသရုပ်ဆောင်များဖြင့် ဒါရိုက်တာမှ ရိုက်ကူး တင်ဆက် ထားသည်။

Bo Bo Film Production ၏ ၂၀၁၅ ခုနှစ်ကတည်းက ရိုက်ကူးပုံဖော် ထားခဲ့သည့် အော်တိုဘုရင် ရုပ်ရှင် ဇာတ် ကားကို အောက်တိုဘာလတွင် မြန်မာတစ်နိုင်ငံလုံးရှိ ရုပ်ရှင်ရုံများတွင် စတင် ရုံတင်ပြသ သွားတော့မည် ဖြစ် သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly