အဆိုတော် ပိုပို ၏ တတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဇူလိုင် ၁၆ရက်တွင် ထွက်ရှိမည်

အဆိုတော် ပိုပို ၏ တတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဇူလိုင် ၁၆ရက်တွင် ထွက်ရှိမည်

ရန်ကုန် ၊ ဇွန် ၃၀။           ။ အဆိုတော် ပိုပို ၏ တတိယမြောက် တစ်ကိုယ်တော် တေးအယ်ဘမ် ဖြစ်သည့် Master Pieces ဟု အမည် ပေးထားသည့် တေးအယ်ဘမ်ကို ဇူလိုင် ၁၆ရက်တွင် The Sun Music Production မှ ဖြန့်ချိသွားမည် ဖြစ်သည်။

အဆိုတော် ပိုပို ၏ Master Pieces ဟု အမည်ပေးထားသည့် တစ်ကိုယ်တော် တေးအယ်ဘမ် ထွက်ရှိမည့် အကြောင်း စာနယ်ဇင်းများနှင့် မိတ်ဆက်ပေးသည့် အခမ်းအနားကို ဇွန်လ ၂၉ရက်တွင် Orchid Hotel၌ ပြုလုပ် ခဲ့သည်။

ထိုတေးအယ်ဘမ်တွင် တေးရေးများအဖြစ် ဆောင်းဦးလှိုင် ၊ ကျားပေါက် ၊ ညီမင်းခိုင် တို့မှ ရေးသားပေးထား ကြပြီး Featuring အဆိုတော်များ အနေဖြင့် အဆိုတော် Rဇာနည်၊ နီနီခင်ဇော်၊ ရွှေထူး၊ ငဲငယ်လေးတို့က ပါဝင် ကူညီသီဆိုပေးထားကြသည်။

 တေးသီချင်း ၁၀ ပုဒ် ပါဝင်ပြီး ယခင် တစ်ကိုယ်တော် တေးအယ်ဘမ်များနှင့် မတူညီသည့် Music ပုံစံတွေ ပါဝင်ကာ အဆိုတော် ပိုပို ကိုယ်တိုင်ရေးသားထားသည့် တေးသီချင်း ၆ ပုဒ်ကိုလည်း ထိုအယ်ဘမ်တွင် ထည့်သွင်းထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly