ပထမအကြိမ် ကျင်းပ ပြုလုပ်မည့် MBC short film ဖိတ်ခေါ်ပြိုင်ပွဲ

ပထမအကြိမ် ကျင်းပ ပြုလုပ်မည့် MBC short film ဖိတ်ခေါ်ပြိုင်ပွဲ

ရန်ကုန် ၊ မေ ၂၀ ။              ။ MBC Pictures (Myanmar Boradcasting Company) မှ ကြီးမှုး ကျင်းပမည့်  MBC short film ဖိတ်ခေါ်ပြိုင်ပွဲအတွက် ပြိုင်ပွဲဝင် ဇာတ်ကားများကို ဇွန်လ ၁၆ရက် နောက်ဆုံးထားပြီး ရုံးခန်းသို့ ပေးပို့ရမည် ဖြစ်သည်။

ထို MBC short film ဖိတ်ခေါ်ပြိုင်ပွဲကို MBC Pictures (Myanmar Boradcasting Company) မှ ပထမဆုံး အကြိမ်အဖြစ် ကျင်းပပြုလုပ်ခြင်း ဖြစ်ပြီး မြန်မာ့ရုပ်ရှင်ဖွံဖြိုးတိုးတက်ရေးကို အထောက်အကူ ဖြစ်စေရန်နှင့် ဝါသနာရှင် တက်သစ်စ ဒါရိုက်တာများအား မြေထောင်မြှောက်ပေးရန် ရည်ရွယ်ချက်ဖြင့် Myanmar Broadcasting Company မှ MBC short film ဖိတ်ခေါ်ပြိုင်ပွဲ ကို ကျင်းပခြင်း ဖြစ်သည်။

ပြိုင်ပွဲ အတွက် ပဏာမ အဆင့် ရွေးချယ်မှုကို အနုပညာလောကမှ အတွေ့ကြုံရှိ အနုပညာရှင် အတတ်ပညာ ရှင်များက အကဲဖြတ်ဒိုင်လူကြီးများအဖြစ် အကဲဖြတ် ရွေးချယ်ပေးမည် ဖြစ်ပြီး နောက်ဆုံးအဆင့် ရွေးချယ်မှုကို အနုပညာလောကမှ အတွေ့ကြုံရှိ အနုပညာရှင် အတတ်ပညာရှင်များအပါအဝင် ပြည်တွင်းပြည်ပရှိ Independence ရပ်ဝန်းမှ အသိပညာရှင် အတတ်ပညာရှင် ရုပ်ရှင်ချစ်ပုဂ္ဂိုလ် (၂၀)ဦးက အကဲဖြတ်ပြီး မဲပေးစနစ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။

အဆိုပါ ပြိုင်ပွဲတွင် ပရိသတ်အကြိုက်ဆုံးဆု (Like & Share အများဆုံးဆု) ကိုလည်း ထည့်သွင်း ချီးမြှင့်မည် ဖြစ်ကာ ထိုဆုအတွက်ကို ပရိသတ်များက ဒိုင်လူကြီးအဖြစ် မဲပေးရွေးချယ် ပေးသွားမည် ဖြစ်သည်။

MBC short film ပြိုင်ပွဲ အတွက် အထူးဆု ၁  ဆု ကျပ် ၃၀ သိန်းနှင့် (MBC Pictures မှ ထုတ်လုပ်ဖြန့်ချီ သွားမည့် ရုပ်ရှင်ဇာတ်ကားရုပ်သံဇာတ်လမ်းတွဲနှင့် Music Video ရိုက်ကူးထုတ်လုပ်မှုများတွင် ပူးပေါင်းပါဝင်ဖန်တီးခွင့်ကိုပါ ချီးမြှင့်မည် ဖြစ်သည်။

ပရိသတ်အကြိုက်ဆုံးဆု ( ၁ ) ဆု ကိုတော့ ကျပ် (၁၀) သိန်း နှင့် နှစ်သိမ့်ဆု ( ၅ ) ဆု ကိုတော့ ကျပ်( ၅) သိန်း စီ ချီးမြှင့်သွားမည် ဖြစ်သည်။

ပြိုင်ပွဲဝင်များ အတွက် ခေါင်းစဉ်များ သတ်မှတ်ပေးထားပြီး ၁။ ဟန်းနီးမွန်း ၂။ လက်ဆောင် ၃။ ချစ်သူ ၄။ ဖုန်း၊ ၅။ Future ( အနာဂတ် )တို့ ဖြစ်သည်။

ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ အနေဖြင့် ၁။ မြန်မာနိုင်ငံသား အားလုံးပါဝင်နိုင်သည်။ ဝါသနာရှင်ဖြစ်စေ ကျွမ်းကျင်အဆင့်ဖြစ်စေ ဒါရိုက်တာများအား ပါဝင်ရန် ဖိတ်ခေါ်အပ်ပါသည် ၂။ ပြိုင်ပွဲဝင်ဇာတ်ကားသည် (၅)မိနစ်မှ (၁၅)မိနစ် အတွင်း ရှိရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်တစ်ဦးလျှင် ခေါင်းစဉ် ၂ မျိုးဖြင့်သာ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်နိုင်ပါသည် ၃။ ပြိုင်ပွဲဝင်သည် ပူးတွဲပါ သတ်မှတ်ခေါင်းစဉ်များထဲမှ မိမိနှစ်သက်ရာခေါင်းစဉ်ကို ရွေးချယ်ပြီး မိမိနှစ်သက်ရာ အမျိုးအစား (Genre) ဖြင့် ခံစားပုံဖော်ယှဉ်ပြိုင်နိုင်ပါသည်၊ (ရွေးချယ်ထားသော ဇာတ်လမ်းအမျိုးအစားကို လျှောက်လွှာတွင် ထည့်သွင်းဖော်ပြရမည် ၄။ ပြိုင်ပွဲဝင်မည့် ဇာတ်ကားများသည် အခြား Video မှ ကောက်နှုတ်ထားသောအပိုင်းများ၊ ရုပ်သံလိုင်းများတွင် ထုတ်လွှင့်ဖူးခြင်း၊ Online တွင် ထုတ်လွှင့်ဖူးခြင်း၊ အင်တာနက် ဝက်ဘ်ဆိုဒ်များ တွင် ထုတ်လွှင့်ဖူးခြင်း၊ ရုပ်ရှင်ပြပွဲ ပြိုင်ပွဲများတွင် ပြသခဲ့ခြင်း လုံး၀ (လုံးဝ) မရှိရပါ  ၅။ ပြိုင်ပွဲဝင်ဇာတ်ကားသည် ကိုယ်ပိုင်ဖန်တီးမှု ဖြစ်ရမည်။ ဒါရိုက်တာမှ တရားမဝင် အသုံးပြု ထားသော မူပိုင်ခွင့် ငြိစွန်းသည့် ပစ္စည်းများအတွက် ပြိုင်ပွဲမှ တာဝန်ယူမည် မဟုတ်ပါ။ (ဥပမာ - ရုပ်ပုံ၊ ဂီတ၊ Sound Effect (အထူးထည့်သွင်းထားသည့် အသံများ၊ Graphic များ) ၏ မူပိုင်ခွင့်ဆိုင်ရာ ကိစ္စရပ်များအတွက် ဒါရိုက်တာမှ တာဝန်ယူရမည် ဖြစ်သည် ၆။ ပြိုင်ပွဲဝင်သူများသည် ဆင်ဆာ စည်းမျဉ်း စည်းကမ်းများကို လိုက်နာရမည်ဖြစ်သည်။ အကြမ်းဖက်မှုကို လှုံ့ဆော်အားပေးသော ပြကွင်းပြကွက်များ နိုင်ငံရေး နှင့် လူမျိုးရေး ခွဲခြားမှုများ ပါဝင်ခွင့်မပြုပါ ၇ ။ ပြိုင်ပွဲစီစဉ်သူများမှ အကောင်းဆုံးပြိုင်ပွဲဝင် ဇာတ်ကား (၃၀) ကို အများပြည်သူ ကြည့်ရှုရန် mbc online tv တွင် ထုတ်လွှင့်ပြသပေးသွားမည်ဖြစ်ပါသည်  ၈ ။ People Choice Award အတွက် ပရိတ်သတ်များ၏ Like & Share ရမှတ်ဖြင့် ရွေးချယ်သွားမည် ဖြစ်သည်။ (အငြင်းပွားဖွယ်ရာ အကြောင်းတစ်စုံတစ်ရာ ရှိခဲ့ပါက ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီ၏ ဆုံးဖြတ်ချက် သည်သာ အတည်ဖြစ်သည်။) ၉ ။ ပြိုင်ပွဲဝင်ဇာတ်ကား၏ တစ်စိတ်တစ်ပိုင်းဖြစ်စေ၊ ဇာတ်ကားတစ်ခုလုံးဖြစ်စေ တီဗွီ၊ ရေဒီယို ၊ Social Media နှင့် ပုံနှိပ်ထုတ်ဝေမှုများတွင် ထုတ်လွှင့်ဖော်ပြမှုများကို ပြိုင်ပွဲဝင်ဒါရိုက်တာမှ ပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီအား တရားဝင်အသုံးပြုခွင့် ပေးရပါမည်။ ၁၀ ။ တင်ပြပြီးသား ပြိုင်ပွဲဝင် ဇာတ်ကား များကို ပြိုင်ပွဲမှ ပြန်လည်ထုတ်ယူခွင့် ပြုမည်မဟုတ်ပါ။ ၁၁ ။ ဆုရဇာတ်ကားများ၏ မူပိုင်ခွင့် (Copy Right)ကို MBC Pictures မှ ပြိုင်ပွဲဖြစ်မြောက်ရေးကော်မတီက ပိုင်ဆိုင်မည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်ဇာတ်ကားများကို ပြိုင်ပွဲစီစဉ်သူများမှ ပြုလုပ်သော ပွဲ ( Events/ Activities ) များတွင် အခါအားလျှော်စွာ ပြသမည်ဖြစ်သည်။ ထိုကဲ့သို့ ပြသရာတွင် ပွဲစီစဉ်သူများမှ ဒါရိုက်တာကို အသိပေး ဖိတ်ကြားသွားမည်ဖြစ်ပြီး ၁၂ ။ ပြိုင်ပွဲ၏လိုအပ်ချက်အရ အခါအားလျှော်စွာ ချမှတ်သော စည်းမျဉ်းစည်းကမ်းများရှိခဲ့ပါက လက်ခံလိုက်နာရန် လိုအပ်ပါသည် တို့  ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly