ရုံတင်မည့် ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်အတွက် ရင်ခုန်နေသည့် ခင်ဝင့်ဝါ

ရုံတင်မည့် ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်အတွက် ရင်ခုန်နေသည့် ခင်ဝင့်ဝါ

ရန်ကုန် ၊ မေ ၁၈ ။           ။ မကြာမီ ရုံတင်ပြသတော့မည့် ဒါရိုက်တာမီးပွား ရိုက်ကူးပုံဖော်ထားသည့် “ချိုမြိန်သော လက်စားချေခြင်း ” ရုပ်ရှင်ဇာတ်ကားကြီးတွင် ပါဝင်သရုပ်ဆောင်ထားသည့် သရုပ်ဆောင်ခင်ဝင့်ဝါက   ရုပ်ရှင်ဇာတ်ကား နှင့် ပတ်သက်ပြီး ရင်ခုန်နေကြောင်း မဇ္ဈိမကို ပြောသည်။

“ချိုမြိန်သောလက်စားချေခြင်း” ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာမီးပွားက ရိုက်ကူးထားပြီး သရုပ်ဆောင်များအဖြစ် စိုင်းစိုင်းခမ်းလှိုင်၊ ရွှေမှုံရတီ၊ ခင်ဝင့်ဝါ နှင့် တခြား သရုပ်ဆောင်များမှ ပါဝင် သရုပ်ဆောင်ထားကြသည်။

သရုပ်ဆောင် ခင်ဝင့်ဝါ က “ ရင်ခုန်နေပါတယ်။ ရုံတင်တဲ့အခါ ပရိသတ်ဆီက ကြားရမယ့် စကားသံ အဲ့ဒါတွေကို တွေးပြီး ရင်ခုန်နေပါတယ်။ ဒီကား ရိုက်ထားတာ လွန်ခဲ့တဲ့ ၂နှစ်လောက်က ပါ။ အသစ် တစ်ယောက် အနေနဲ့ လိုအပ်ချက်တွေ ရှိတယ် အားနည်းချက်တွေ ရှိတယ်။ ဦးပွားကလည်း သေချာ သင်ပေးတယ်။ အားရတယ်ဆိုတဲ့ ကားတော့ မဟုတ်ဘူး။  ဘာပဲဖြစ်ဖြစ် ပရိသတ်ရဲ့ စကားသံတွေကို ပိုပြီး ရင်ခုန်ပါတယ်။ ဒီလထဲမှာ ရုံတင်မှာ ဖြစ်တဲ့ အတွက် ပရိသတ်တွေ လာကြည့်ပါ။ အပြင်မှာ လူငယ်တွေ ဖြစ်လေ့ဖြစ်ထရှိတဲ့ ပုံစံမျိုးလည်း ဖြစ်တယ်။ ပြီးတော့ လူငယ်ပရိသတ်တွေ ကြိုက်နှစ်သက်မယ် ထင်ပါတယ် ” ဟု ပြောသည်။

ထို ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ကူးရန်အတွက် အခက်အခဲအနေဖြင့် ရိုက်ကွင်း တည်လိုက်၊ ရက်ရွှေ့လိုက်နှင့် အချိန် အတော်ကြာခဲ့ပြီး ဇာတ်ကားအတွက် ဆံပင်ကို အရောင်ဆိုးထားခဲ့ရကာ တခြား ဇာတ်ကားတွေ မရိုက်ကူးဖြစ်ဘဲ အဆိုပါ ဇာတ်ကားအတွက်သာ အချိန်ပေးခဲ့ကြောင်း ၎င်းက ဆိုသည်။

ခင်ဝင့်ဝါက “အခက်အခဲတွေ ရှိပေမယ့် အကောင်းဆုံး ကြိုးစား ထားတယ်။ ဒီကားအတွက်ကိုပဲ အရောင်တွေ ဆိုးထားတာဆိုတော့ အဲ့ဒီ ဆံပင်အရောင် နဲ့ အကြာကြီးပဲ။ တခြားကားတွေလည်း ရိုက်လို့ မရ။ ဇာတ်ကား ရိုက်ဖို့၊ တည်လိုက် ရက်ရွှေ့သွားလိုက်နဲ့ အချိန်ကြာခဲ့တယ်” ဟု ဆိုသည်။

သရုပ်ဆောင် ခင်ဝင့်ဝါ သည် ချိုမြိန်သောလက်စားချေခြင်း ရုပ်ရှင်ဇာတ်ကား သည် ၎င်းအတွက် တတိယမြောက် ရုပ်ရှင်ဇာတ်ကား ဖြစ်ပြီး ထို ဇာတ်ကား မရိုက်ကူးခင် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် နှင့် တွဲဖက်ကာ သြင်္ကန်ပြတိုက် ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား ၂ကား ရိုက်ကူးခဲ့သည်။

ခင်ဝင့်ဝါ အနေဖြင့် ယခင်က ဇာတ်ကား လက်ခံရိုက်ကူးရာတွင် မင်းသား၊ ဒါရိုက်တာ ကြည့်ပြီး လက်ခံဖြစ်သလို ယခု နောက်ပိုင်းတွင် ၎င်းအတွက် ပရိသတ်အတွက် ရင်ထဲတွင် ကျန်မည့် ဇာတ်ကားမျိုးကို ရွေးပြီး လက်ခံဖြစ်ရိုက်ကူးဖြစ်လျက် ရှိသည်။

၂၀၁၇ ခုနှစ်ထဲတွင် ရုပ်ရှင်ဇာတ်ကား ဗီဒီယို ဇာတ်ကားတွေ လက်ခံထားသလို လက်ရှိ အနေဖြင့် မေလကုန် တွင် ပုပ္ပါး ၌ ဒါရိုက်တာ ပြည်ဟိန်းသီဟ ရိုက်ကူးပြီး ဝါရင့် မင်းသမီးများလည်း ပါဝင်မည့် ရုပ်ရှင်ဇာတ်ကား တွင် ပါဝင် သရုပ်ဆောင်မည် ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly