ပန်းချီပြပွဲမှ ရောင်းရငွေ၏ တစ်ဝက်ကို ဘိုးဘွားရိပ်သာကိုလှူမည့် ပန်းချီဆရာမ မနန်း

ပန်းချီပြပွဲမှ ရောင်းရငွေ၏ တစ်ဝက်ကို ဘိုးဘွားရိပ်သာကိုလှူမည့် ပန်းချီဆရာမ မနန်း

ရန်ကုန်၊ မေ ၁၆ ။               ။ ပန်းချီဆရာမ မနန်း၏ ဒုတိယမြောက်တစ်ကိုယ်တော် ပန်းချီပြပွဲ (Tiger Nang) ကို နှစ်နေရာခွဲ၍ ပြသသွားမည်ဟု မေလ၁၅ရက်က The Yangon Gallery တွင်   ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲမှ သိရသည်။

တစ်ကိုယ်တော်မွေးနေ့ပန်းချီပြပွဲကို မေလ ၂၂ ရက်နှင့် ၂၃ ရက်တွင် The Yangon Gallery ၌ ပြသသွားမည်ဖြစ်သည်။

ယင်းအပြင် မနန်း၏ မွေးနေ့အလှူပန်းချီပြပွဲကို မေလ ၂၅ ရက်မှ ၂၈ ရက်အထိ နှင်းဆီမြိုင်ပြခန်း၌ ပြသသွားမည်ဟု သိရသည်။

အဆိုပါ ပြပွဲမှ ရောင်းရသည်များ၏ တစ်ဝက်ကို နှင်းဆီမြိုင်ဘိုးဘွားရိပ်သာ၌ လှူဒါန်းသွားမည်ဟု မနန်းက မီဒီယာများကို ပြောသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required