စကော့ဂျီ၊ ဧပြီ ၂၉ ။ ။ မက်ဆီဒိုးနီးယား ပါလီမန်တွင် ဧပြီ ၂၇ ရက်က တိုင်းရင်းသားလူနည်းစုဥက္ကဌ ခန့်အပ်မှုကို ဆန့်ကျင့်ဆန္ဒပြလျက် ပါလီမန်အတွင်း အမျိုးသားရေးဝါဒီ ရာပေါင်းများစွာ ၀င်ရောက်စီးနင်းမှုနှှှင့် ပတ်သက်ပြီး ပြစ်တင်ရှုတ်ချမှုများ ဖြစ်ပွားသည်။
လူ ၁၀၀ ကျော်ထက်မနည်း ထိခိုက်ဒဏ်ရာရမှုဖြစ်ပေါ်သည့် အဆိုပါ စီးနင်းမှုနှင့် ပတ်သက်ကာ ပြိုင်ဖက်နိုင်ငံရေးပါတီများက အပြန်အလှန်အပြစ်တင်လျက်ရှိကြသည်။
ပါလီမန်ဝင်စီးမှုတွင် မျက်နှာဖုံးစွပ်ထားသူတစ်ချို့လည်း ပါ၀င်ပြီး ရဲအရံအတားများကို ချိုးဖျက်ကာ လွှတ်တော်အတွင်း ၀င်ရောက်၍ တိုက်ခိုက်ခြင်းဖြစ်ရာ ၀ရုန်းသုန်းကားအခြေအနေဖြစ်ပွားသည်။
နိုင်ငံရေးပြဿနာများ နှစ်နှှစ်တာ ဖြစ်ပွားနေရာမှှ ယခုကဲ့သို့ ပေါ်ပေါက်လာသည့် ပါလီမန်စီးနင်းမှုအား အဖွဲ့အစည်းများစွာက ပြစ်တင်ရှုတ်ချလျက်ရှိသည်။ နေတိုးနှင့် တူရကီသမ္မတ အာဒိုဂန်တို့က အီးယူနှင့် ၀ါရှင်တန်တို့၏ စိုးရိမ်ကြောင်း ဖော်ပြမှုကို ထောက်ခံသံပြုကာ ယင်းဖြစ်ရပ်အပေါ် ပြစ်တင်သည်။
“မနေ့က ကျွန်တော်တို့ ကြံုတွေ့ရတဲ့ ဆိုးဝါးတဲ့ ဖြစ်ရပ်ဟာ နောက်တစ်ခါ ထပ်ဖြစ်ဖို့ ခွင့်မပေးနိုင်တဲ့ ဖြစ်ရပ်မျိုးပါ။”ဟု နေတိုးအကြီးအကဲ ဂျင်းစတောတန်ဘတ်ချ်က ပြောသည်။
အဆိုပါ စီးနင်းမှုအတွင်း ထိုးကြိတ်ကန်ကျောက်မှုများ ဖြစ်နေစဉ်မှာပင် ထိုင်ခုံများဖြင့် ပစ်ပေါက်ခြင်းများကိုလည်း ဗီဒီယိုမှတ်တမ်းတွင် တွေ့ရသည်။
ထိုစီးနင်းမှုဖြစ်ပွားပြီးနောက်တွင်လည်း ဆန္ဒပြမှုများ ဆက််လက်ဖြစ်ပွားလျက်ရှိသည်။