ရွှေကြိုဆိုတာ အိပ်မက်တစ်ခုဖြစ်ပေမယ့် လွဲချော်ခဲ့ရသည့် နိုနိုကေ

ရွှေကြိုဆိုတာ အိပ်မက်တစ်ခုဖြစ်ပေမယ့် လွဲချော်ခဲ့ရသည့် နိုနိုကေ

အနုပညာလောကထဲတွင် နေရာတစ်နေရာရနေသည့် နိုနိုကေက ၂၀၁၆ ခုနှစ်အတွက် ရွှေကြိုမောင်မယ် ရွေးချယ်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တတိယအဆင့် ဆန်ခါတင် မိန်းကလေး ၂၅ ယောက်ထဲတွင် ပါဝင်ခဲ့သော်လည်း နောက်ဆုံး ရွေးချယ်လိုက်သည့် ရွှေကြိုမယ် ၈ ယောက်စာရင်းနှင့် လွဲချော်ခဲ့သည်။ ရွှေကြိုသည် အိပ်မက်တစ်ခုဖြစ်သည်ဟု နိုနိုကေမှ မနေ့ကပြုလုပ်သည့်   ရွှေကြိုနောက်ဆုံးအဆင့်   ရွေးချယ်ပွဲတွင် ပြောသွားခဲ့သည်။

 “ရွှေကြိုကိုပြိုင်ဖို့အတွက်ကကျတော့ ညီမရဲ့အိပ်မက်တွေထဲက တစ်ခုပါပဲ။ အရင်တုန်းက အကြောင်းကြောင်းကြောင့် တစ်ခြားပြိုင်ပွဲတွေ ပြိုင်နေရတဲ့အတွက်ကြောင့် ဒီဘက်ကို အချိန်မပေးနိုင်ဘူး။ ဒီနှစ်က ကံကောင်းစွာနဲ့ပဲ သမီးသူငယ်ချင်းရဲ့ အကူအညီနဲ့ သမီးအဖေရဲ့ ပံ့ပိုးမှုနဲ့ပဲ အခုလိုမျိုး လာရောက်ယှဉ်ပြိုင်ခြင်းဖြစ်ပါတယ်” ဟု နိုနိုကေ ပြောသည်။

ယခုလက်ရှိအချိန်တွင် နိုနိုကေသည် တယောသင်တန်းဖွင့်ထားသည်။ အခြား Miss ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ဖူးသော်လည်း ရွှေကြိုမောင်မယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်သည်။ ရွှေကြိုနှင့်လွဲချော်ခဲ့လျှင် ဂီတဘက်ကိုသာ အာရုံစိုက်ပြီး လုပ်သွားမည့်အပြင် ပြိုင်ပွဲများလည်း ဆက်ပြိုင်သွားမည်ဟုသိရသည

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly