အချစ်သီချင်းချိုချိုလေးများနဲ့ ပရိသတ်အတွက် ပြန်ကြိုးစားပေးဦးမယ်

အချစ်သီချင်းချိုချိုလေးများနဲ့ ပရိသတ်အတွက် ပြန်ကြိုးစားပေးဦးမယ်
ဓာတ်ပုံ-ဆောင်ဦးလှိုင် ဖေ့ဘုတ်

အဆိုတော် ဆောင်းဦးလှိုင်က သူ့ရဲ့လက်ရှိအခြေအနေကို အခုလို ပြောခဲ့ပါတယ်။

လက်ရှိ ပြည်ပမှာ အခန်းငှားနေပြီး မြန်မာပြည်နိုင်ငံရေး၊ လူမှုရေး၊ လူအများစိတ်ဓာတ်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနဲ့ ဖျော်ဖြေရေးတွေအတွက် မေတ္တာဖြင့် ဂီတ၊ ဗီဒီယိုတွေကို ဖန်တီးနေပါတယ်လို့ ဆိုလာပါတယ်။

ဘယ်သူ့အထောက်အပံ့မှမပါဘဲ ကိုယ်ပိုင်သီချင်းရေးတဲ့ ၀င်ငွေနဲ့ ရပ်တည်နေတယ်လို့ ဆိုပါတယ်။ ဒါကို “ စီးပွားရေး မကောင်းပါ” လို့ ပွင့်လင်းစွာ ဖော်ပြရင်း သီချင်းတွေကို အခန်းငယ်တစ်ခုထဲ ရေး၊ တီး၊ အသံဖမ်း၊ သီဆို အားလုံးကို တစ်ယောက်တည်း ပြုလုပ်နေပါတယ်။

အဲဒီသီချင်းတွေအပြင် အချစ်သီချင်းချိုချိုလေးတွေပါ ပရိသတ်အတွက်  ပြန်ကြိုးစားဦးမယ်လို့ ဒီနေ့ သူ့လူမှုကွန်ယက်စာမျက်နှာမှာ ပြောထားပါတယ်။ ဆောင်းဦးလှိုင်က ပြည်တွင်းသီချင်းဆိုပြိုင်ပွဲတွေမှာ သူ့သီချင်းတွေမသုံးဖို့ ကန့်သတ်ထားပြီး လက်ရှိမှာ မြန်မာပြည် ပြန်လာပြီး သီချင်းဆို စီးပွားမရှာသေးပါ လို့ သူက ပြောထားပါတယ်။

ဂီတဖက်မှာတော့ မိတ်ဆွေစစ်နည်းပါးပြီး သူ ယုံကြည်ရာ လျှောက်လှမ်းနေတယ်လို့ ပရိသတ်ကို သူ့အခြေအနေအား မျှဝေခဲ့ပါတယ်။

စစ်ဘေးသင့် ကလေးငယ်တွေကို ရည်စူးပြီး သူဖန်တီးထားတဲ့ “ အိမ်မပြန်နိုင်တဲ့ ငှက်ကလေး ”သီချင်းတစ်ပုဒ်လည်း နိုဝင်ဘာလ ၂၅ ရက်က တင်ထားခဲ့ပါသေးတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly