စာရေးဆရာမ ဆာရာဟီလာရီ ယူကေ ထိပ်တန်း မှှုခင်းစာပေဆု ဆွတ်ခူး

စာရေးဆရာမ ဆာရာဟီလာရီ ယူကေ ထိပ်တန်း မှှုခင်းစာပေဆု ဆွတ်ခူး

စာရေးဆရာမ ဆာရာဟီလာရီ (Sarah Hilary) သည် ယူကေ၏ ထိပ်တန်း မှှုခင်းစာပေဆု များအနက် တစ်ဆုကို သူ၏ ပွဲဦးထွက်ဝတ္ထု “Someone Else's Skin” ဖြင့် ဆွတ်ခူးခဲ့သည်။

ဟီလာရီသည် ယခုနှစ်အတွက် “Theakstons Old Peculier” မှှုခင်းဝတ္ထုဆု ကို ကြာသပတေး နေ့က Harrogate တွင် ရရှိခဲ့ခြင်း ဖြစ်သည်။  

“အဲဒီစာအုပ်ဟာ စိတ်လှှုပ်ရှား ရင်ခုန်လှှိုက်မောဖို့ ကောင်းပြီး အစွမ်းထက်တဲ့ ဇာတ်လမ်းတစ်ခု ဖြစ်ပါတယ်” ဟု အကဲဖြတ်များ ထဲမှ တစ်ဦးဖြစ်သည့် ရေဒီယိုတိုင်းမ်စ် ရုပ်သံအယ်ဒီတာ Alison Graham က ဆိုသည်။

အမျိုးသမီးစုံထောက်ဇာတ်ကောင် VI Warshawski ကို ဖန်တီးခဲ့သည့် အမေရိကန် စာရေးဆရာမ Sara Paretsky သည်လည်း မှှုခင်းစာပေအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့မှှုဆိုင်ရာ အထူးဂုဏ်ပြုဆုကို လက်ခံရရှိ သည်။

Ref: BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly