တေးသံရှင် အောင်လ ကွာရှင်းပြီးကြောင်း တရားဝင်ကြေညာ

တေးသံရှင် အောင်လ ကွာရှင်းပြီးကြောင်း တရားဝင်ကြေညာ

ရန်ကုန်၊ အောက်တိုဘာ ၂၂ ။               ။ တေးသံရှင် အောင်လက သူ့ရဲ့ ဇနီးနဲ့ နှစ်ဦးသဘောတူ တရားဝင်ကွာရှင်းပြတ်စဲခဲ့ပြီးကြောင်း ယနေ့ အောက်တိုဘာ ၂၂ ရက် နေ့လည် တစ်နာရီခွဲခန့်က သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာတွင် ရေးသားထားသည်။

၂၀၁၆ခုနှစ်၊ စက်တင်ဘာ ၂၀ ရက်က နှစ်ဦးသဘောတူ ကွာရှင်းခဲ့တာဖြစ်တယ်လို့ ရေးသားထားတာကိုလည်း တွေ့ရပါတယ်။

လွန်ခဲ့တဲ့ တစ်လက ကွာရှင်းခဲ့တာကို ဘာကြောင့် အခုလို အချိန်မှာမှ ပရိသတ်ကို တရားဝင် အသိပေးတာလည်း ဆိုတာကိုတော့ မသိရပါဘူး။

တေးသံရှင်အောင်လနဲ့ ဇနီး(ဟောင်း)မမိုးငယ်တို့ရဲ့ တရားဝင်ဖေ့ဘုတ်ခ် စာမျက်နှာတွေမှာ အပြန်အလှန် စိတ်သဘောထား မတိုက်ဆိုင်တဲ့ အကြောင်းတွေ တင်ထားတာကို ပရိသတ်တွေ ဖတ်မိကြပေမယ့် အခုလို တရားဝင်ကွာရှင်းခဲ့တယ် ဆိုတာကိုတော့ ယနေ့မှသာ သိရတာ ဖြစ်ပါတယ်။

သူတို့နှစ်ဦးဟာ ချစ်သူသက်တမ်း ငါးနှစ်ကြာခဲ့ပြီးမှ လက်ထက်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly