စတော့စျေးကွက် နဲ့ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဘယ်လို စပ်ဆက်နေလဲ

စတော့စျေးကွက် နဲ့ နိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှု ဘယ်လို စပ်ဆက်နေလဲ

ရန်ကုန်စတော့အိတ်ချိန်းရဲ့ခရီးသက်တမ်းကအချိန် ၃ လကိုကျော်လွန်လာခဲ့ပါပြီ။ မြန်မာနိုင်ငံရဲ့ ငွေကြေးအရင်းအနှီးဈေးကွက်အသစ်ဖြစ်တဲ့ ဒီနေရာကိုတော့ ငွေဖြစ်လွယ်တဲ့နေရာလို့ သတ်မှတ်လို့ရသလို တစ်ချိန်တည်းမှာပဲငွေကြေးဆုံးရှုံးမှုတွေရှိလာနိုင်တဲ့ နေရာလို့လည်းပြောလို့ရပါတယ်။

စတော့ဈေးကွက်ကုမ္ပဏီတွေဘက်က ရင်းနှီးမြှုပ်နှံမှုဟာ နေ့ချင်းဆိုသလိုရလာဒ်တွေ ထွက်ပေါ်လာမှာမဟုတ်ဘဲ သူတို့အနေနဲ့ အချိန်ကာလတစ်ခုအပေါ်မှာရင်းနှီး မြှုပ်နှံကြဖို့ကိုပြောဆိုထားပါတယ်။

ဒါပေမယ့် ဒီရန်ကုန်စတော့အိတ်ချိန်းခရီးက နိုင်ငံ့ရဲ့ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ သိပ်ပြီးနီးကပ်နေတာတော့မဟုတ်သေးဘူးလို့ စတော့ဈေးကွက်လေ့လာသူကပြောပါတယ်။

"ကုမ္ပဏီ ၂ခုပဲရှိနေသမျှတော့ ရင်းနှီးမြှုပ်နှံသူတွေအနေနဲ့ ရွေးစရာသိပ်မရှိတာကြောင့် စိတ်ဝင်စားမှုကလည်း ပိုပြီးနည်းမယ်။ စတော့အိတ်ချိန်းမှာရင်းနှီးလို့ရမယ့် ရင်းနှီးမြှုပ်နှံမှုတစ်မျိုးလို့ လူတွေက သိပ်မတွက်ကြသေးဘူးပေါ့။ လူတွေကအိမ်ခြံမြေရှိမယ်၊ ရွှေရှိမယ်၊ ကျန်တဲ့ဟာတွေရှိမယ်။ စတော့အိတ်ချိန်းမှာရင်းနှီးတာ..ဒါလည်းတစ်မျိုးပါလားလို့ လူတွေကသိပ်ပြီးမစဉ်းစားကြသေးဘူး၊နောက် ကုမ္ပဏီ ၂၀၊ ၃၀ ပေါ်လာရင်တော့ လူတွေကစဉ်းစားလာကြလိမ့်မယ်။ အဓိကကကျတော့ မြန်မာနိုင်ငံရဲ့ ထိပ်တန်းကုမ္ပဏီတွေ၊ စံပြကုမ္ပဏီတွေ၊ ဒီစတော့အိတ်ချိန်းပေါ်တင်လာဖို့ စိတ်ဝင်စားအောင်လုပ်ဖို့လိုမယ်။ ဒါကတစ်ချို့အောင်မြင်တဲ့ဘဏ်တွေဖြစ်နိုင်တယ်။ အောင်မြင်တဲ့ ကုမ္ပဏီတွေဖြစ်နိုင်တယ်၊ Infrastructure ကုမ္ပဏီတွေဖြစ်နိုင်တယ်။ Manufacturing ကုမ္ပဏီတွေဖြစ်နိုင်တယ်။

အဲလိုမျိုးကုမ္ပဏီတွေကိုဒီစတော့အိတ်ချိန်းမှာတင်လာဖို့ စိတ်ဝင်စားလာအောင် Regulator ဘက်ကရောစတော့အိတ်ချိန်းဘက်ကရောအကုန်လုံးလုပ်ဖို့လိုအပ်တယ်။" လို့ စတော့ဈေးကွက် ကျွမ်းကျင်သူ ဒေါက်တာအောင်သူရက မဇ္ဈိမကို ပြောပါတယ်။

တစ်ဘက် ရန်ကုန်စတော့အိတ်ချိန်းအနေနဲ့ ဈေးကွက်ရောင်းလိုအား ဝယ်လိုအား အပေါ်မှာအကောင်းရှုတာတွေလည်းရှိနေပါတယ်။

ရန်ကုန်စတော့အိတ်ချိန်းကတော့ အရှိန်ရနေပြီလို့ ပြောချင်ပါတယ်။ဆိုလိုတာကရင်းနှီးမြှုပ်နှံသူတွေရဲ့ ရောင်းတဲ့ဝယ်တဲ့ပမာဏက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုများတယ်ပေါ့နော်၊ ဈေးကွက်အပေါ်မှာခံစားချက်ကလည်းအရင်ထက်ပိုအားကောင်းလာတယ်လို့ပြောချင်ပါတယ်။

ရန်ကုန်စတော့အိတ်ချိန်း၏ အကြီးတန်းအမှုဆောင်မန်နေဂျာ ဦးသက်ထွန်းဦးက "ရန်ကုန်စတော့အိတ်ချိန်းကတော့ အရှိန်ရနေပြီလို့ ပြောချင်ပါတယ်။ ဆိုလိုတာကရင်းနှီးမြှုပ်နှံသူတွေရဲ့ ရောင်းတဲ့ဝယ်တဲ့ ပမာဏက ကျွန်တော်တို့ သတ်မှတ်ထားတဲ့ အရေအတွက်ထက် ပိုများတယ်ပေါ့နော်၊ ဈေးကွက်အပေါ်မှာခံစားချက်ကလည်းအရင်ထက်ပိုအားကောင်းလာတယ်လို့ပြောချင်ပါတယ်။" လို့ မဇ္ဈိမကို ပြောပါ တယ်။

လောလောဆယ်တော့ ဒီရန်ကုန် စတော့အိတ်ချိန်းမှာ FMI နဲ့ မြန်မာသီလဝါအထူးစီးပွားရေးဇုန် အများပိုင်ကုမ္ပဏီလီမိတက်တို့က ရှယ်ယာအရောင်းအဝယ်တွေကို ပြုလုပ်နေကြတာပါ။ ဈေးကွက်ပြင်ပ ကလေ့လာသူတွေ သုံးသပ်ထားမှုတွေမှာတော့ ရန်ကုန်စတော့အိတ်ချိန်းမှာ အရောင်းအဝယ်တွေက နည်းပါးနေသေးတာဖြစ်ပြီးနေ့စဉ်ဖြစ်ပေါ်နေတဲ့ ဈေးအတက်အကျတွေကို ပွင့်လင်းမြင်သာမှုရှိရှိ ထိန်းကျောင်းသင့်တယ်လို့ ပြောဆိုထားပါတယ်။

"အဓိကအခက်အခဲကကျတော့ ရန်ကုန်စတော့အိတ်ချိန်းမှာ အရောင်းအဝယ်က အရမ်းပါးနေသေးတယ်၊တကယ်ရောင်းတဲ့ဝယ်တဲ့ Trade Volume တွေကနည်းနေသေးတယ်။ တစ်နေ့တစ်နေ့ကိုမှ သိန်းတစ်ထောင်နဲ့ သိန်းလေးထောင်ကြားပဲရှိနေသေးတယ်။ အဲလိုနည်းနေတာကြောင့် တစ်ဦးဆီတစ်ဦးဆီမှာရောင်းတယ်၊ ဝယ်တဲ့ Effect က တော်တော်လေးရှိနေတယ်၊ အဲဒါကိုခံစားနေရတယ်၊ ဒီကုမ္ပဏီတစ်ခုရဲ့ တန်ဘိုးက Share Holder တွေကဖန်တီးနေတာမဟုတ်ဘူး၊တကယ်ရောင်းမယ့်ဝယ်မယ့်သူတွေကသာဖန်တီးနေတာ၊ အဲဒိရောင်းမယ့် ဝယ်မယ့်သူကနည်းနည်းပဲရှိမယ့် အချိန်မျိုးမှာဆိုရင် ဈေးကွက်အပေါ်အရမ်း Impact ရှိနိုင်တယ်၊ ဒါကြောင့်ဒီစတော့တွေက Volatility အရမ်းများတယ်လို့ပြောလို့ရတာပေါ့။" လို့ ဒေါက်တာအောင်သူရက ဆိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly