အိမ်တစ်လုံးဝယ်ဖို့ အိပ်မက်မက်တဲ့အဆင့်ပဲရှိနေသေးတဲ့ ပြည်သူတွေအတွက် ကူညီချင်ပါတယ်ဆိုတဲ့

အိမ်တစ်လုံးဝယ်ဖို့ အိပ်မက်မက်တဲ့အဆင့်ပဲရှိနေသေးတဲ့ ပြည်သူတွေအတွက် ကူညီချင်ပါတယ်ဆိုတဲ့

ရိုးမ မဟာဗျူဟာ ဦးပိုင်လီမိတက်၏ အိမ်ခြံမြေလုပ်ငန်းဆိုင်ရာ အမှုဆောင်ညွှန်ကြားရေး မှူးဖြစ်သူ မစ္စတာဆိုင်ရပ်(စ)ပန်

မြန်မာနိုင်ငံရဲ့လူနေအိမ်ခန်းဈေးကွက်ကို ကြည့်မယ်ဆိုရင် ငွေကြေးတတ်နိုင်တဲ့ လူဦးရေအ နည်းငယ်အပေါ်လောက်ပဲ ဈေးကွက်ဖြစ်ပေါ်နေတာဖြစ်ပြီး လူအများစုအတွက် အိမ်တစ်လုံး ဝယ်ယူဖို့ ဆိုတာက အိပ်မက်တစ်ခုဖြစ်နေတယ်လို့ ရိုးမမဟာဗျူဟာဦးပိုင်ကုမ္ပဏီလီမိတက်ရဲ့ အိမ်ခြံမြေလုပ် ငန်းကဏ္ဍ အမှုဆောင်ညွှန်ကြားရေးမှူးဖြစ်သူ မစ္စတာဆိုင်ရပ်(စ)ပန် က မဇ္ဈိမနဲ့ သီးသန့်တွေ့ဆုံစဉ်မှာ ပြောဆိုလိုက်ပါတယ်။

အာဏာပိုင်တွေဘက်ကလည်း ပွင့်လင်းမြင်သာမှုရှိပြီး ပြည်သူလူထုနဲ့ တည်ဆောက်ရေးလုပ် ငန်း လုပ်ကိုင်သူတွေ နားလည်သဘောပေါက်.. လေးစားလိုက် နာနိုင်ရမယ့် စည်းမျဉ်းဥပဒေတွေ ဖြစ်ပေါ်လာဖို့ လုပ်ကိုင်သင့်တယ်လို့ ဆိုင်ရပ်(စ) ပန်ကပြောပြသွားတာပါ။

မဇ္ဈိမ။  ။ ခင်ဗျားအနေနဲ့ ဟောင်ကောင်နဲ့ တရုတ်နိုင်ငံတွေရဲ့ အိမ်ခြံမြေလုပ်ငန်းမှာ အတွေ့အ ကြုံ ရှိထားသူဖြစ်တယ်၊ ဆိုတော့ သူတို့နဲ့ မြန်မာကဘာတွေ ကွာခြားလဲ။

ဆိုင်ရပ်(စ)ပန်။  ။ မြန်မာရဲ့ အိမ်ခြံမြေလုပ်ငန်းကအခုမှ အစပဲရှိသေးတာ.. ဈေးကွက်ဆိုလို့ သိပ်ကြာသေးတာမဟုတ်ဘူးဗျ။ ပြောင်းလဲပစ်ဖို့အရာတွေ အများကြီးရှိနေသေးတယ်၊ ခင်ဗျားအနေနဲ့ လူနေအိမ်ခန်းဈေးကွက်ကိုပဲ အရင်ကြည့်လိုက်ပါ၊ အိမ်ခန်းဝယ်ဖို့ ပိုက်ဆံတတ်နိုင်တဲ့လူဦးရေ အနည်း ငယ်လောက်အပေါ်မှာပဲ လူနေအိမ်ခန်းဈေးကွက်က မှီခိုနေရတာအသေအချာပဲ။ နောက်တော့ မြန်မာ နိုင်ငံမှာစီးပွားရေးလုပ်ငန်းတွေ ပိုပြီး ရှိလာပြီး ပြည်သူတွေ ကြွယ်ဝလာရင်တော့ အလယ်အလတ် တန်းစား လူနေမှုအဆင့်အတန်းတွေကို သူတို့တွေ ပိုင်ဆိုင်သွားရဖို့ရှိပါတယ်။ သူတို့မှာပိုက်ဆံတွေ ပိုရှိလာတဲ့အခါ အဲဒီပိုက်ဆံတွေနဲ့ လူနေအိမ်ခန်းတွေ ဝယ်ယူပိုင်ဆိုင်နိုင်မှာဖြစ်သလို နောက်ထပ်ဈေး ကွက်ဖြစ်ထွန်းဖို့အတွက် ဘဏ်အကူအညီပိုရဖို့လည်း လိုအပ်ပါတယ်။ ဒီနေ့အထိတော့ အိမ်ဝယ်ဖို့ ပြည်သူတွေမှာ အခက်အခဲတွေရှိနေတုန်းဖြစ်ပါ၊ လက်ရှိအချိန်မှာ ပြည်သူတွေအတွက်တော့ အိမ်တစ် လုံးဝယ်ယူဖို့ဆိုတာက အိပ်မက်မက်နေသလို ဖြစ်နေပါတယ်။ အဲဒီ့တော့ ပြည်သူတွေ မက်တဲ့အိပ်မက် အမှန်တကယ်ဖြစ်လာဖို့ ကျွန်တော်တို့ ဖြစ်နိုင်တဲ့နည်းနဲ့ ဖော်ဆောင်ပေးဖို့လုပ်ပေးချင်ပါတယ်။

ဒီဈေးကွက်ကအခုမှ အစလို့ ခင်ဗျားပြောလိုက်တာလား။

စည်းမျဉ်းဥပဒေတွေကတော့ ဖြစ်ပေါ်လာနေပြီလို့ ထင်ပါတယ်၊ ပြည်သူတွေနဲ့ အိမ်ရာ တည်ဆောက်သူတွေအနေနဲ့ ဒါကိုနားလည်သဘောပေါက်လာနေပါတယ်၊ လွန်ခဲ့နှစ်တွေထဲမှာ အရမ်းကို မြင့်တက်လာနေပါတယ်၊ အခုဆိုရင် ပိုမိုလွယ်ကူလာတဲ့ စည်းမျဉ်းဥပဒေတွေရှိလာနေပြီး အစိုးရအနေနဲ့ကလည်း ရန်ကုန်မြို့မှာအဆောက်အဦးဖွံ့ဖြိုးဖို့အတွက် မှန်ကန်တဲ့ ဖွံ့ဖြိုးမှုဗျူဟာတွေ ရှိလာဖို့ စည်းမျဉ်းဥပဒေထွက်ပေါ်လာအောင် အာရုံစိုက်လုပ်ကိုင်လာနေပါတယ်။ ဒီအကြောင်းအရာ တွေကပဲ တည်ဆောက်ရေးလုပ်ငန်းလုပ်ကိုင်သူတွေကို အထင်အရှားကို သက်ရောက်မှုရှိစေပါတယ်။ ရန်ကုန်မှာရှိတဲ့ ဆောက်လုပ်ရေးကုမ္ပဏီတွေနဲ့ နယ်မြေဖွံ့ဖြိုးတိုးတက်ရေးလုပ်ကိုင်သူအတွက် ဒီနည်းလမ်းထဲမှာ တိုးတက်ဖွံ့ဖြိုးမှု တဖြည်းဖြည်း ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။ ဒါကဈေးကွက်မှာ တကယ်ကို ထိရောက်မှုတွေဖြစ်လာဖို့ ရှိလာမှာ ဖြစ်ပါတယ်။

အခုက နိုင်ငံမှာအစိုးရသစ်ရှိလာပြီ.. အဲဒီတော့ အာဏာပိုင်တွေက အိမ်ခြံမြေလုပ်ငန်း ပိုပြီး ဖွံ့ဖြိုးလာစေဖို့ စည်းမျဉ်းဥပဒေအပိုင်းကနေပြီး ဘယ်လိုဆောင်ရွက်လုပ်ကိုင်ပေးနိုင်မယ်လို့ ထင်လဲ။

အရင်ဆုံးအစိုးရကစည်းမျဉ်းဥပေဒနဲ့ ပတ်သတ်ပြီးပိုပြီးပွင့်လင်းမြင်သာမှုရှိအောင် လုပ်ကိုင် ပေးရမှာ ဖြစ်ပြီးလုပ်ငန်းစဉ် တွေမှာလည်းရှင်းလင်းနားလည်အောင် ထောက်ပံ့ပေးနိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်သူတွေကိုနားလည်လွယ် အောင်နဲ့ ဥပေဒကိုလိုက်နာနိုင်အောင် လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ ဆိုရရင်တော့ ပိုပြီးထင်သာမြင် သာရှိအောင်လုပ်ကိုင် တဲ့နေရာမှာလည်းအစိုးရ.. ပြည်သူ နဲ့ တည်ဆောက်သူတွေအကြားမှာ စကားပြောဆိုမှုတွေ ပိုပြီးလုပ်ကိုင်နိုင်ရမှာဖြစ်ပါတယ်။ ဒါကြောင့် ပြည်သူတွေကို ဆွေးနွေးညှိနှိုင်းမှုကအရမ်းကို အရေးပါလာနေတာဖြစ်သလို ပြည်သူရဲ့ ထင်မြင် ယူဆချက်တွေကိုလည်း စုစည်းရမှာလည်း ဖြစ်ပါတယ်။ အာဏာပိုင်တွေက ဥပဒေတွေကို တည်ဆောက်မယ်ဆိုတဲ့အခါမှာ တည်ဆောက်သူတွေကို သိရှိစေဖို့ လိုအပ်သလို၊ တည်ဆောက် သူတွေဘက်ကလည်း ဥပဒေတွေကို ဘယ်လိုလိုက်နာရမလဲဆိုတာ နားလည်သဘောပေါက်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အဆောက်အဦးဆိုင်ရာစည်းမျဉ်းနဲ့ ပတ်သတ်ပြီးတော့ သူတို့ကမတူညီတဲ့ ပြည်သူတွေဆီကနေ ထင်မြင်ချက်တွေ ရယူရမှာဖြစ်ပါတယ်။ စီးပွားရေးအရအကောင်အထည်ဖော် မယ့် စိတ်ကူးကလည်းအရေးကြီးပါတယ်၊ ဒီအချက်ကနေ ကျွန်တော်တို့ကိုဘယ်လိုဖွံ့ဖြိုးမှုတွေ ဖြစ်လာမလဲဆိုတာ ကြည့်ရှုစစ်ဆေးသွားလို့ရမှာဖြစ်ပါတယ်။ အဲဒီတော့ စီးပွားရေးအတွက် အလုပ်မဖြစ်တဲ့ စည်းမျဉ်းတွေဖြစ်လာရင်တော့ ဘယ်သူမှ အလုပ်လုပ်ကိုင်မှာမဟုတ်ပါဘူး။ ဒါဟာစိတ်ကူးကောင်းတစ်ခုလည်းမဖြစ်ပါဘူး။

ခင်ဗျားအနေနဲ့ အိမ်ခြံမြေကဏ္ဍမှာနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စီးဝင်လာဖို့ အကောင်းမြင် ထားလား။

ဒါနဲ့ပတ်သက်ပြီး ကျွန်တော်အကောင်းမြင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ပြည်ပနိုင်ငံတွေက ရင်းနှီးမြှုပ်နှံသူတွေနဲ့ စကားပြောကြည့်တဲ့အခါ သူတို့ကဒီကဏ္ဍမှာ စိတ်ဝင်စားစရာ အများကြီးရှိတာကို တွေ့ရပါတယ်။ ဒီကအိမ်ခြံမြေကဏ္ဍအနေနဲ့ စီးပွားရေးလုပ်ငန်းသုံးနေရာတွေနဲ့ လက်လီကဏ္ဍတွေမှာ ဈေးကွက်တိုးတက်မှု အလားအလာ အများကြီးရှိနေတယ်လို့ သူတို့ မြင်နေကြတာဖြစ်ပါတယ်။ အခုဆို ရင် ဟိုတယ်အသစ်တွေ အများကြီးရှိလာနေပြီ၊ ရန်ကုန်အနေနဲ့ဆိုရင်လည်း ခရီးသွားနေရာတစ်ခုဖြစ် တာကြောင့် ရေရှည်မှာလည်း ဟိုတယ်အများကြီးလိုအပ်နေဦးမှာဖြစ်ပါတယ်၊ ရုံးခန်းတွေ ဆိုရင် လည်း ဒီအတိုင်းပါပဲ၊ အခုလည်း ရုံးခန်းတော်တော်များများ တည်ဆောက်နေတာတောင် လိုအပ်ချက်က ရှိနေ တုန်းလို့ ပြောလို့ရပါတယ်၊ စီးပွားရေးတိုးတက်လာတော့ ရန်ကုန်ရဲ့ ရုံးခန်းလိုအပ်ချက်ကို ဖြည့်ဆည်းဖို့ မလုပ်နိုင်သေးပါဘူး၊ အခုအတိုင်းဆို နိုင်ငံခြားကုမ္ပဏီတွေပိုပြီး ဝင်ရောက်လာသလို ပြည်တွင်းကုမ္ပဏီ တွေလည်း တိုးတက်လာပါတယ်။ အဲ့ဒါကြောင့် လူအတော်များများက ရွှေနိုင်ငံရဲ့ အခွင့်အလမ်းတွေ အဖြစ် တွေ့မြင်လာတာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ရင်းနှီးမြှုပ်နှံမှု တွေ ဒီနိုင်ငံကို ဝင်ရောက် လာတာကို ကျွန်တော်တို့ သိမြင်ထားပြီး ဖြစ်ပေမယ့် ပိုပြီး ဝင်ရောက်လာဖို့ သေချာတဲ့ ကြိုတင် ပြင်ဆင်မှုတွေ လုပ်ဖို့လိုအပ်နေပါတယ်။အနာဂတ်မှာတော့ ရင်းနှီးမြှုပ်နှံမှုအဆင့်က ပိုတက်လာမယ်လို့ ထင်ပါတယ်။

မြန်မာနိုင်ငံရဲ့ အိမ်ခြံမြေဈေးကွက် တစ်ခုလုံးကိုဘယ်လို မြင်ပါသလဲ။

 နိုင်ငံရဲ့စီးပွားရေးအပေါ်မှာပဲ အိမ်ခြံမြေကဏ္ဍအရွယ်အစားက ကြီးထွားလာပါလိမ့်မယ်၊ ဈေးနှုန်းတွေကတော့ တဖြည်းဖြည်း မြင့်တက်လာတာရှိပေမယ့် လက်ရှိအချိန်မှာတော့ တည်ငြိမ် လာနေပါတယ်။ ဒါပေမယ့် ဈေးကွက်တစ်ခုလုံးကို ခြုံပြောရရင် အရွယ်အစားကသိပ်ကို ကြီးထွားတိုး တက်လာဖို့ရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်အရှေ့မှာပြောခဲ့တဲ့ အတိုင်းဆိုရင် လက်ရှိ ဈေးကွက်က ရန်ကုန်ကလူအများစုနဲ့ပဲ နီးစပ်နေတာဖြစ်ပြီး ဒီဈေးကွက်ကလည်း ပိုက်ဆံချမ်းသာတဲ့ သူတွေအပေါ်မှာ မှီခိုနေရတာကြောင့်ဖြစ်ပါတယ်။ သိပ်မကြာခင် ဒါမှမဟုတ် နောက်များမှာပေါ့လေ.. လူတိုင်းကအိမ်တစ်လုံးလောက် ပိုင်ဆိုင်ချင်လာမယ်..။ ဒီနေရာမှာ မြန်မာ့အိမ်ခြံမြေဈေးကွက်ရဲ့ ပိုပြီးကြီးမားတဲ့အရွယ်အစားအစိတ် အပိုင်းကထိတွေ့မှုမရှိသေးဘူးဆိုတာပါ။ လူတွေက ပိုပြီးကြွယ်ဝ လာမယ်..အိမ်ဝယ်ဖို့ တက်နိုင်လာမယ်၊ ပြီးတော့ ဖွံ့ရေးလုပ်ငန်းလုပ်ကိုင်သူတွေနဲ့ ဘဏ်တွေက ပြည်သူတွေကို ဝယ်ယူခွင့်အတွက် အကူအညီတွေ ပေးလာနိုင်မယ်ဆိုရင် ဈေးကွက်က လျင်လျင်မြန် မြန်နဲ့ကို ကျယ်ပြန့်လာမှာဖြစ်ပါတယ်။ ဒါကြောင့် အခုကျွန်တော်တို့ မြင်တွေ့နေရတာထက်ကို ဈေးကွက် အလားအလာက ပိုပြီးကြီးထွားလာမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly