NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များအား တပ်မတော်က ထိုးစစ်ဆင်နေမှုကို စိုးရိမ်ဟု WLB ဆို

NCA မထိုးရသေးသည့် တိုင်းရင်းသားအဖွဲ့များအား တပ်မတော်က ထိုးစစ်ဆင်နေမှုကို စိုးရိမ်ဟု WLB ဆို

ချင်းမိုင်၊ ဇွန် ၁၈ ။             ။ အစိုးရသစ်အနေဖြင့် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေးစာချုပ်မူကြမ်း (NCA) လက်မှတ် မထိုးထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်၍ ၂၁ ရာစု ပင်လုံ ညီလာခံ ခေါ်ယူ ကျင်းပ မည့်အ ပေါ် ကြိုဆိုသော်လည်း တပ်မတော်မှ ဆက်လက် ထိုးစစ်ဆင်နေမှုအပေါ် အထူးစိုးရိမ်ကြောင်း အမျိုး သမီး များ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)-WLBက ပြောဆိုလိုက်သည်။

မြန်မာ့တပ်မတော်မှ တိုင်းရင်းသားဒေသများတွင် ထိုးစစ်ဆင်နေမှုနှင့် စစ်ရာဇဝတ်မှုများ တပ်တန့်မှု မရှိခြင်း သည် ၂၁ ရာစုပင်လုံ ညီလာခံ ပြင်ဆင်မှုများ အပါအဝင် ငြိမ်းချမ်းရေးဖြစ်စဉ်အား အဓိပ္ဗယ်မဲ့ စေမှုအ  ပေါ်  WLB  က အထူးစိုးရိမ်ကြောင်း ဇွန်လ ယခုအပတ်အတွင်းက ထုတ်ပြန်ခဲ့သည်။

“ကျမတို့ အဖွဲ့ချုပ်က ကြိုဆိုတယ်။ ဒါပေမဲ့တိုင်းရင်းသားဒေသတွေမှာ တပ်မတော် အလုံးအရင်း ထိုးစစ်ဆက် ဆင်နေတာတွေက ကျမတို့အတွက် စိုးရိမ်စရာတွေ၊ သံသယဖြစ်စရာတွေတော့ ရှိတာပေါ့နော်။ ဘာဖြစ်လို့ လဲ ဆိုတော့ တိုင်းရင်းသားအဖွဲ့ ၈ ဖွဲ့ အန်စီအေထိုးတဲ့နောက်ပိုင်းမှာ ဆက်လက် ထိုးစစ်ဆင်နေ တာတွေ ရှိနေ တယ်ဆိုတော့ အခု ၂၁ ရာစုပင်လုံ ညီလာခံကို ထပ်ခေါ်မယ်ဆိုရင် တဖက်မှာ ထိုးစစ်တွေ မရပ်ဘူး ဆိုရင် တော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဖြစ်ပါ့ မလားဆိုတဲ့ စိုးရိမ်မှုကတော့ ရှိတာပေါ့ နော်”ဟု WLB မှ ပြောရေး ဆိုခွင့် ရှိသူ ဂျူလီယာ မရစ်ပ်က ပြောသည်။

ထိုကြောင့် ၂၁ ရာစုပင်လုံ ညီလာခံ မခေါ်မီ တိုင်းရင်းသား ဒေသများသို့ တပ်မတော်မှ ထိုးစစ်ဆင်မှုများ ရပ် တန့်၍ တိုးချဲ့ တပ်စွဲထားသော တပ်မတော် တပ်စခန်းများကို ရုတ်သိမ်းပေးရန် တောင်းဆိုကြောင်း WLB၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လမှစတင်၍ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းတို့တွင် တပ်မတော်မှ တပ်ရင်းများ ပိုမိုတိုးချဲ့ခြင်း၊ စစ်တပ်စခန်းများ ကျယ်ကျယ်ပြန့်ပြန့် နေရာယူ အခြေစိုက်လာပြီး ပြည်သူလူထုများနေထိုင်သော ရပ်ရွာများသို့ ပစ်မှတ်ထားကာ လက်နက်ကြီး ပစ်ခတ်ခြင်း၊ ရွာသားများကို ညှင်းပမ်းနှိပ်စက်ခြင်း၊ မတရားသတ်ဖြတ်ခြင်း၊ အိုးအိမ်များ ဖျက်ဆီး မီးရှုံ့ခြင်း စသည့် ပြစ်မှုများ ဆက်လက် ကျူးလွန်နေသည်ဟုလည်း အဆိုပါ ထုတ်ပြန်ချက်က ဆိုသည်။

 “မြန်မာ့တပ်မတော်ကနေ ဆက်လက်ပြီးမှ အထူးသဖြင့် ရှမ်းမြောက်ပိုင်းတွေမှာ ထိုးစစ်ဆင်နေမှုတွေ ဒီနေ့ ဒီအချိန်ထိ ဆက်ရှိနေ တုန်းဘဲ။ အဲဒီထိုးစစ်တွေ ရှိနေသ၍ အမျိုးသမီးတွေ၊ အ့ရပ်သားထုအပေါ်မှာရော ရာဇဝတ်မှုတွေ ကျူးလွန်နေ တုန်းဘဲ။ ဒီလိုမျိုး ရှိနေတဲ့အချိန်မှာ အမှန်ဆိုရင် ပထမဆုံးဖြေရှင်းရမှာက ထိုးစစ်တွေ ရပ်တန့်ဖို့၊ အဲဒီဟာ အရင် မလုပ်ဘဲနဲ့ ငြိမ်းချမ်းရေးညီလာခံခေါ်ခေါ်ဘာဘဲ ပြောပြောအဓိပ္ဗါယ်မရှိဘူးလို့ ကျမတို့မြင်တယ်”ဟု WLB မူဝါဒရေးရာကော်မတီ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ပြောရေးဆိုခွင့်ရှိသူ လွေးချယ်ရီက ပြောသည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဦးဆောင်သော လွှတ်တော်တွင်လည်း တပ်မတော်သားများမှ စစ် ရာဇဝတ်မှုများ ကျူးလွန်နေမှု အပေါ် လုံးဝ ပြစ်တင်ရှုံ့ချခြင်း မရှိသည့်အပြင် တိုင်းရင်းသား လွှတ်တော် အမတ်များ၏ တပ်မတော်သားများ အပေါ် ဝေဖန်ခြင်းကိုလည်း ပိတ်ပင်ထားသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်မှ ထိုးစစ်ဆင်မှုနှင့် စစ်ရာဇဝန်မှု ကျူးလွန်မှုများ ရပ်တန့်မှုမရှိခြင်းသည် အစိုးရသစ်၏ ၂၁ ရာစု ပင်လုံ ညီလာခံ ပြင်ဆင်မှုများ အပါအဝင် ငြိမ်းချမ်းရေး ဖြစ်စဉ်အား အယုံကြည်ကင်းမဲ့စေသည်ဟု လည်း ဆိုသည်။

 ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်နှင့် ကွတ်ခိုင်မြို့နယ်များတွင် တပ်မတော်နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်(TNLA)တို့ တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သလို၊ TNLA နှင့် ရှမ်းပြည်ပြန် လည်ထူ ထောင်ရေး ကောင်စီ၊ ရှမ်းပြည် တပ်မတော်(RCSS/SSA)နှင့်လည်း တိုက်ပွဲ ဖြစ်ပွားနေဆဲ ဖြစ်သည်ဟု သိရ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags