90s’ Kids Event ကို မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

90s’ Kids Event ကို မျှော်စင်ကျွန်းတွင် ပြုလုပ်မည်

ရန်ကုန် ၊ မေ ၃ ။             ။ 90s’ Kids Event “Back to Memory Lane of 90s’  ကို မေ ၂၉ရက်နေ့ ညနေ ၄နာရီမှ ၁၀နာရီအထိ မျှော်စင်ကျွန်းတွင် ပြုလုပ်မည်ဖြစ်သည်။

90s’ Kids Event သည် ၁၉၉၀ မှ ၁၉၉၉ ကြားတွင် ဖြတ်သန်းလာခဲ့သော အကြောင်းအရာတွေဆီ အလည်သွားသော charity event တစ်ခုဖြစ်သည်။

၁၉၉၀ပြည့်နှစ်တွေတွင် ခေတ်စားခဲ့သော သီချင်း၊ အစား အသောက်၊ ဇာတ်ကောင်များ၊ ဂိမ်းကစားနည်းများနှင့် ဖန်တီးထားမည်ဖြစ်သော event ကိုသွားရင်း ဘုန်းကြီး ကျောင်းသင်ပညာရေးက ကလေးတွေကို ကူညီခွင့်ရမည်ဖြစ်သည်။

ပွဲမှ ရရှိသော အကျိုးအမြတ်၏ ၈၀% ကို ဘုန်းကြီးကျောင်းသင်ပညာရေးတွင်ပြန်သုံးမည်ဖြစ်ပြီး ကျန် ၂၀%ကို နောက်ထပ်ပြုလုပ်မည့်ပွဲများအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်းသိရသည်။

ထူးခြားသောအစီအစဉ်များအနေဖြင့် တွတ်ပီ၊ သမိန်ပေါသွပ်စသော ဇာတ်ကောင်များ event ထဲတွင် ပါဝင်မည်ဖြစ်ခြင်း၊ ပြဇာတ်ဖျော်ဖြေမှု၊ ၂၀ကျပ်တန်၊ ၅၀ကျပ်တန်များကိုသာ သုံးစွဲနိုင်ရန် တိုကင်များဖြင့် လဲပေး ရန်စီစဉ်လျက်ရှိကြောင်းသိရသည်။

လက်မှတ်တစ်စောင်ကို ၃၀၀၀ကျပ်ကျသင့်မည်ဖြစ်ပြီး မေလ ၁၅ရက်ကျော်မှသာ စတင်ရောင်းချ မည်ဖြစ်သည်။ လက်မှတ်ရောင်းချမည့်နေရာများကိုမူ မသိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly